-
Movie Name
-
Scooby Doo The Mystery Begins (2009)
-
Year
-
2009
-
Generes
-
Comedy
-
Code
-
02809
-
Type
-
Movie
-
Size
-
590 MB
-
Country
-
Hollywood
-
Description
-
Scooby-Doo! The Mystery Begins (2009)မြန်မာစာတမ်းထိုး “စကူဘီဒူဘီဒူး ” 😁 Gold Channel ပရိတ်တွေ အတွက် Comedy ကား ကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ အားလုံးသိကြတဲ့ Scooby Doo ကာတွန်းကား ရဲ့ live-action series တွေထဲက တစ်ခုဖြစ်ပါတယ်။ Scooby Doo ကာတွန်းကား ထဲက ဇာတ်ကောင်တွေပဲဖြစ်တဲ့ ဇာတ်လိုက်ခွေးလေး Scooby Doo နဲ့ အူကြောင်ကြား သူ့ရဲ့ပိုင်ရှင် Shaggy, ကျောင်းလက်ရွေးစင် ဘောလုံးသမား Fred, သိပ္ပံကျောင်းသူ Velma နဲ့ ကျောင်းပြဇာတ်အဖွဲ့ဝင် သူဋ္ဌေးသမီးလေး Daphne တို့ဟာ အချင်းချင်း ဆက်ဆံရေးအဆင်မပြေရာမှ နောက်ပိုင်းဖြစ်လာမယ့် သူငယ်ချင်း သံယောဇဉ်တွေကိုလည်း တွေ့မြင်ရမှာပါ။ Coolsville မြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာခန့်က ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသွားသူတွေဟာ တစ္ဆေအဖြစ်နဲ့ တဖန်ပေါ်ထွက်လာပြီး Coolsville တက္ကသိုလ်ကို ပိတ်ခိုင်းဖို့ အနှောင့်အယှက်တွေပေးလာတဲ့အခါ… The Mystery Begins ဆိုတဲ့အတိုင်း Coolsville တက္ကသိုလ်က လျှို့ဝှက်ဆန်းကြယ်အဖြစ်အပျက်တွေကို Scooby Doo နဲ့ သူငယ်ချင်းတစ်စုက ဘယ်လို စုံစမ်းဖော်ထုတ်ကြမလဲ.. တစ္ဆေတွေရဲ့ ရန်ကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးပမ်းကြမလဲ.. တစ္ဆေတွေကို ဘယ်လိုနှိမ်နှင်းကြမလဲ.. တစ္ဆေတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ဘယ်လိုရှာဖွေကြမလဲ.. ဆိုတာကို ဟာသနှောပြီးတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် လျှို့ဝှက်ဆန်းကြယ်စုံထောက်ဟာသဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်