-
Movie Name
-
The After Party (2018)
-
Year
-
2018
-
Generes
-
Comedy
-
Code
-
02815
-
Type
-
Movie
-
Size
-
836 MB
-
Country
-
Hollywood
-
Description
-
ဂီတပညာရှင် အဆိုတော်တစ်ယောက်ဖြစ်ဖို့ဆိုတာ သေမလောက်ခက်ပါတယ်အဲ ကျွန်တော့်အမြင်ပြောရ ရင်အဲ့ထဲမှာမှRapper တစ်ယောက်ဖြစ်ဖို့ဆိုတာသာမန်ကြိုးစားရုံလောက်နဲ့ ခေါင်းတောင် မပြူနိုင်လောက်အောင်ခက်ခဲပါတယ်ကျွန်တော်တို့ Rap God ကြီး Eminem ရဲ့စုတ်ပြတ်ပြုတ်ထွက်ပြီး ကွဲပြဲနေတဲ့ ဘဝတွေမြန်မာနိုင်ငံက G-fatt J-fire Ice Cold တို့လိုအိမ်နဲ့ အတိုက်ခံဖြစ် ဘာအလုပ်အကိုင်မှမရှိပဲ ဒီ Hip-Hop အတွက်ကိုယ်ရောစိတ်ပါလမိုင်းကပ်အောင် ဆည်းပူးခဲ့တာတွေသာဓကအများကြီးရှိပါတယ် လေပေါတာ နဲနဲများသွားပြီ review လေးသွားလိုက်ရအောင်အမေရီကန် ကပြားတစ်ယောက်ဖြစ်တဲ့အိုဝင်ဆိုတဲ့ ပါရမီရှင် Rapper လေးတစ်ယောက်နဲ့ သူ့ BFF ကြီးဂျက်ဖရီတို့အောင်မြင်မှုနောက်လိုက်နေတာသုံးနှစ်သုံးမိုးရှိပါပြီ ဂျက်ဖရီက သူ့ဘော်ဒါလူမဲ Rapper အိုဝင်အတွက် မန်နေဂျာလုပ်ပေးနေခဲ့တာလဲ ကလေးဘဝကတည်းကဆိုပါတော့ ဒီလိုနဲ့ နာမည်ကြီးစတားတစ်ယောက်ဖြစ်ဖို့ အသံသွင်းကုမ္ပဏီပိုင်ရှင်တွေနောက်လိုက်ရင်း မမျှော်လင့်ပဲပါတီတစ်ခုမှာ ပိုင်ရှင်ဘောစိနဲ့သွားတွေ့ရဖို့အကြောင်းဖန်လာခဲ့ပါတယ်နာမည်လေးကလဲပေးထားတာသိပ်ကို လှတယ်The After Party တဲ့လေ နောက်ဆက်တွဲပါတီပေါ့နောက်ဆက်တွဲပါတီကြီး ပြီးတဲ့နောက်မှာသူတို့ဘဝလေးဘယ်လို ဖြစ်သွားမလဲဆိုတာကိုယ်တိုင်ပဲ Download လုပ်ကြည့်ရှူခံစားကြည့်ပါ ဒီကားကို ကျွန်တော့်အမြင်ကတော့ ဟာသRapper ကားတစ်ကားထက်အမျာကြီး ပိုတယ်မြင်မိပါတယ်ဘာလို့ဆိုလူငယ်လေးနှစ်ယောက် သူတို့ အိပ်မက်တွေအကောင်ထည်ပေါ်အောင်ဘယ်လိုကြိုးစားသွားလဲဆိုတာ ဟာသလေးနှောပြီးရိုက်ကူးထားတာပါပါရမီပါလာပါတယ်ဆိုတဲ့ အိုဝင်ဆိုတဲ့ဇာတ်ကောင်တောင် ဖန်တရာတေအလွဲတွေနဲ့ကြုံတွေ့ရ ရင်တကယ့်ပြင်ပြလောကက Hip-Hop အနုပညာရှင်တွေဆိုဘယ်လောက်တောင်ခက်ခဲမိလိမ့်မလဲပေါ့ပြီးတော့ နောက်ပိုင်း ပေါ်ပင်လိုက်တဲ့ဆေးသမား Rapper တွေLil Pump တို့ Lil ဘာဖြစ်တယ်တို့ ညာဖြစ်တယ်တို့လိုကောင်တွေကြောင့် Hip-Hop လောကကြီးဟာ new generation မှာအတော်လေးယိုယွင်းပျက်စီးလှိုက်စားနေပါပြီ ဗားမှားပြည်မှာ လဲအဲ့လိုကောင်တွေပေါ်လာပါပြီ နာမည်တော့တပ်မပြောတော့ပါဘူးဆိုတော့ကာ ဒီယိုယွင်းနေတဲ့ Rap ဂီတအသိုင်းဝိုင်းကို မီးမောင်းထိုးပြလိုက်တဲ့ကားပါ rating မှာ IMDb 6.5 ပဲရလို့မကြည့်ပဲမနေလိုက်ပါနဲ့ Rap ဂီတကိုချစ်ရင်Kamikaze တို့ Lucky You တို့လို Diss လုပ်တဲ့သီချင်းတွေကိုခုံမင်တဲ့သူတွေအတွက် ကြည့်လိုက်လို့ ဟာ မင်းတို့ကားကြီးက ဂျင်းကြီးပါကွာ ဘေတွေကုန်ပါပြီလို့မဖြစ်စေရဘူး အာမခံပါတယ်ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်