Movie Name
Watch Just Another Pandora's Box (2010)
Year
2010
Generes
Comedy
Code
02825
Type
Movie
Size
649 MB
Country
China
Description
Just Another Pandora's Box ဆိုတဲ့ကားလေးက ဝူခုန်းမျောက်မင်းဘဝပြန်မရောက်ခင် ဘဝတခုမှာဓားပြဖြစ်တုန်း ဖြစ်ခဲ့တဲ့အလွဲတွေကို ရိုက်ထားတဲ့ကားပါ ဒီကားကို အရင်ဆုံး comedy ဟာသဘုရင်စတီဖင်ချောင်က (chinese Odyssey ဆိုတဲ့နာမည်နဲ့)၂ကားတွဲရိုက်ခဲ့သေးတော့ တရုတ်ကားမှကြည့်ကြတဲ့ တရုတ်သရဲလေးတွေသိကိုသိနေမယ့်ကားဆိုပါတော့ 2017မှာလဲ exo အဖွဲ့ဝင် Taoက ပြန်ရိုက်ခဲ့ပါသေးတယ် အခုဒီကားမှာ Ronald Cheng, Gigi Leung, Betty Sun, Eric Tsang, Huang Bo, Guo Degang, Gillian Chung, and Patrick Tamတို့က အဓိကသရုပ်ဆောင်ထားကြပါတယ်. စတီဖင်ချောင်ကားမှာပါတဲ့ မင်းသမီးAthena Chuက ဧည့်သည်သရုပ်ဆောင်အဖြစ်အားဖြည့်ပေးထားပါတယ်။ ပန်ဒိုရာသေတ္တာရဲ့အဓိပ္ပါယ်ကို လရောင်ခံတဲ့ရတနာသေတ္တာလို့ ခေါ်ပါတယ်။ သူ့ရဲ့အစွမ်းက သေတ္တာကိုဖွင့်လိုက်ရင် အတိတ်ကာလကို ပြန်သွားနိုင်တာပါပဲဆိုပါတော့။ ဒီကားက တရုတ်သမိုင်းကြောင်းလောကရဲ့ နာမည်ကြီးကားတကားဖြစ်တဲ့ Red Cliff ကားကို ပင်မကျောရိုးအဖြစ်ယူထားပြီး တကမ္ဘာလုံးမှာ ဟုန်းဟုန်းတောက်နာမည်ကြီးခဲ့တဲ့ကားတွေဖြစ်တဲ့a The Eagle Shooting Heroes, Kung Fu Hustle, House of Flying Daggers, CJ7, Kung Fu Panda, Titanic, King Kong, The Green Hornet, and The Matrix စတဲ့ကားတွေကိုကိုးကားထားပြီး 2008 Summer Olympics ပုံစံကိုပါမကျန် ကားတိုင်းရဲ့နာမည်ကြီးအခန်းတိုင်းကို ကိုးကားပြီး trollerလုပ်ထားတဲ့ကားပါ (ခုချိန်မှာ trollတယ်ဆိုတာလဲ တခေတ်ဖြစ်နေတော့ အရမ်းမိုက်တာပေါ့) အပေါ်ကပြောခဲ့တဲ့ တိုက်တန်းနစ်ကားပေါ့စသည်ဖြင့် နာမည်ကြီးကားတွေကိုကြည့်ဖူးလေလေ ဒီကားကိုကြည့်ရင်းအူနာအောင်ရီရလေလေပါပဲ (မကြည့်ခင် သောက်ဆေးလူးဆေးလေးကြိုဝယ်ထားပါလို့ အကြံပေးချင်ပါတယ်) ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့..... နှင်းဆီလို့ခေါ်တဲ့နတ်သမီးလေးက လှေစီးလာရင်းရေထဲပြုတ်အကျမှာ ချင်းရီစဲ့လို့ခေါ်တဲ့ဓားပြက ကယ်တင်တာကိုခံလိုက်ရပါတယ်။ပထမတော့ သူ့အစီအစဉ်ကကောင်မလေးကိုရောင်းစား ကောင်မလေးရဲ့ခရမ်းရောင်ဓားကို ခိုးမယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ဒီကို ဂျိုကာ (စတီဖင်ချောင်ကားထဲက ဝူခုန်းလောင်း)ရုတ်တရက်ကြီးရောက်လာပြီး ဓားကိုဓားအိမ်ထဲကဆွဲထုတ်လိုက်ပါတယ်။ နတ်သမီးလေးသတိရလာတော့ ဓားကိုဆွဲထုတ်လိုက်တာ ရှင်းရီစဲ့လို့ထင်သွားပြီး သူ့နောက်တကောက်ကောက်လိုက်ပါလေရော (နှင်းဆီနတ်သမီးက သူရဲ့ခရမ်းရောင်ဓားကို ဓားအိမ်ကိုဆွဲထုတ်နိုင်သူက သူ့ရဲ့ဖူးစာရှင်လို့သစ္စာဆိုထားသူပါ) ဒီတော့ ဓားဆွဲထုတ်တဲ့ရှင်းရီစဲ့ကို သူ့ဖူးစာရှင်မှတ်ပြီး အသေလိုက်တာပေါ့။ ဒီလိုနဲ့ လိုက်ရင်းပြေးရင်ကနေ ဘိုးဘိုးဗုဒ္ဓနဲ့တွေ့ပြီးသူ့ဆီက ပန်ဒိုရာသေတ္တာကိုရသွားပါတယ်။ ရှင်းရီစဲ့လဲ နတ်သမီးလက်ကလွတ်ချင်တာနဲ့ပဲ ရုတ်တရက်သေတ္တာကိုဖွင့်ပြီး ခုန်ဝင်လိုက်တာဟန်ခေတ်ကိုရောက်သွားပါလေရောပဲ။ ဟန်ခေတ်လဲရောက်ရော သူ့ကိုယ်သူငုံ့ကြည့်မိတော့ ချန်းပန်တိုက်ပွဲကြားရောက်နေပြီး သူကစစ်သူကြီး ကျောက်ကျီလုံဖြစ်နေတာတွေ့မိတော့တာပဲ။(red cliff ပါလာပြီနော်) တိုက်ပွဲကြားမှာ ဘာမသိညာမသိနဲ့ လျုံပေရဲ့ကလေးကိုကယ်လိုက်မိပါတယ်။ လျုံပေ့သားလေးကိုကယ်ပြီး စစ်စခန်းကိုပြန်အလာမှာ မှားပြီးတဖက်ရန်သူတပ်စခန်းထဲဝင်မိသွားတာ တဖက်ရန်သူအမက်ချုပ်ကြီးချောင်ချောင်ကိုမှ ကလေးသွားပေးမိလျက်သားဖြစ်သွားပြန်တော့တာပဲ။ ချောင်ချောင်လဲ သူ့ကိုမယုံတော့ သူ့ကိုယ်ကပန်ဒိုရာသေတ္တာကို သိမ်းယူထားလိုက်ပြီး သူ့ကိုနှင်ထုတ်ပစ်လိုက်ပါတော့တယ်။ လျုံပေ့တပ်စခန်းကို ပြန်ရောက်တဲ့အခါ မူလနေရာကိုပြန်ရောက်ဖို့အတွက် သူ့နောက်ကိုလိုက်လာတဲ့ နှင်းဆီနတ်သမီးကိုချစ်ယောင်ဆောင်ပြီး ပန်ဒိုရာသေတ္တာကိုပြန်ခိုးခိုင်းရတော့တာပေါ့..... တကယ့် red cliff လို သမိုင်းဝင်စစ်တွင်းကာလကို ရောက်ခဲ့တဲ့ရှင်းရီစဲ့ေ စစ်တွင်းမှာ ဘယ်လိုအလွဲတွေထပ်လုပ်အုန်းမလဲ။ ပန်ဒိုရာသေတ္တာကိုရော ချောင်ချောင့်လက်ကပြန်ရပါအုန်းမလား။ နှင်းဆီနတ်သမီးလက်ကရော လွတ်ပါမလား......??? စတဲ့မေးခွန်းတွေအတွက်ကတော့ ဒီကားလေးကို တဝါးဝါးတဟားဟားကြည့်ရင်း အဖြေရှာကြရအောင်ပါ။ သြော်..... ရီရလွန်းလို့ဗိုက်နာရင်တော့ တတ်နိုင်ဘူးနော်အောက်မှာ movie linkချပေးထားပါတယ် Review by ဟေမာမြင့်