-
Movie Name
-
Prom Pissawat (လှိုင်းခတ်တဲ့သံစဉ်)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
ST0151
-
Type
-
Series
-
Size
-
13.3 GB
-
Country
-
Thai
-
Description
-
🎼လှိုင်းခတ်တဲ့သံစဉ်🎼(completed)
ဒီဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ မတူညီတဲ့ အရပ်ဒေသကနေ ကံကြမ္မာကြီးက
လှိုင်းတံပိုးတွေနဲ့ သယ်ဆောင်လာခဲ့တဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းလင်္ကာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်
အဲ့ဒီလူနှစ်ယောက်က..........
ငယ်ငယ်လေးကတည်းက ကိုရီးယားမှာ သိုက်တူးသမား မိထွေးဖြစ်သူရယ်
မိထွေးပြောသမျှ ယုံစားနေတဲ့ ဖခင်ရယ်နဲ့ အတူနေထိုင်ကာ မိထွေးမျက်နှာကို
မမြင်ချင်လောက်အောင် မုန်းတီးနေတဲ့ ထိုင်း-ကိုရီးယား ကပြားကောင်လေး ပလာပွန်(ပွန်)နဲ့
ကံကြမ္မာမကောင်းခြင်းအောက်တွင် သာယာဖွယ်သော အသံလေးနှင့်
လူတကာစွဲလမ်းရူးသွပ်အောင် တီဆိုနိုင်တဲ့ ဘားက အဆိုမလေး ပန်တဝမ်(တဝမ်)တို့ပေါ့
တကယ်တော့ ပွန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူငယ်ငယ်လေးကတည်းက သူ့မိဘတွေ ကွာရှင်းခဲ့ပြီး
မိခင်ဖြစ်သူရဲ့ အဝေးတစ် နေရာမှာ နေရပြီး စည်းစိမ်ဉစ္စာ မက်မောပြီး
သူ့အဖေဖြစ်သူနဲ့ အချစ်မပါပဲ လက်ထပ်ထားတဲ့ မိထွေးဖြစ်သူနဲ့
တစ်အိုးတစ်အိမ်ထဲမှာ အတူနေခဲ့ရပါတယ်
ပွန်(ပလာပွန်) က သူ့တစ်ဘဝလုံး အမြဲတွေးနေခဲ့တာပေါ့
မိန်းမတွေက ဒီပုပ်ထဲက ဒီပဲ အားလုံး အတူတူတွေချည်းပဲ
ပစ္စည်းဥစ္စာမက်တယ် ချစ်တတ်တဲ့ နှလုံးသား မရှိကြဘူးပေါ့
ပွန့်(ပလာပွန့်) အတွက် သည်းခံပြီး မထီမဲ့မြင်ပြုနေလာတဲ့ နေ့ဆိုတာ
သူ့မိထွေးနဲ့သူ့အဖေ လုပ်လိုက်တဲ့ ကိစ္စတစ်ခုကြောင့်
တစ်နေ့မှာ ဆုံးခန်းတိုင်သွားခဲ့ပါတော့တယ်
အဲ့ဒီနေ့မှာ ပွန် ဆုံးဖြစ်ချက်ချခဲ့တယ် ထိုင်းမှာရှိတဲ့ သူ့အမေဆီပြန်သွားဖို့ကို
အမှန်တော့ မိထွေးဖြစ်သူနဲ့ တစ်မိုးအောင် အတူမနေချင်လို့ပေါ့
ပွန် ဘန်ကောက်ကို ရောက်တော့ ဘားတစ်ခုက ခပ်ဟော့ဟော့
အဆိုတော်မလေး ပန်တဝမ်(တဝမ်)နဲ့ အမှတ်အထင်ပဲ ဆုံမိခဲ့ပါတော့တယ်
ကံကြမ္မာက အတူဆုံစည်းပေးလိုက်တာပဲ ဖြစ်ရမယ်......
ပန်(ပန်တဝမ်) ဆိုတဲ့ ကောင်မလေးက သာယာစွတ်ပျံ့ဖွယ်ကောင်းသော
ငြိမ်းညောင်းလှသော သံစဉ် လှပသွယ်လျသောကိုယ်ခန္ဓာ စွဲဆောင်မှုရှိသော
မျက်နှာသွင်ပြင် စူးရှသော အကြည့်တို့ကြောင့်
ပုရိသတို့ရဲ့ ပါးစပ်ဖျားမှာ အရမ်းရေပန်းစားတာပေါ့ အရမ်းပေါ်ပြူလာဖြစ်တာပေါ့
ဒါပေမယ့် ပွန့်(ပလာပွန့်)မျက်လုံးထဲမှာတော့ ပန်ဆိုတာက သူတွေ့လာခဲ့ဖူးသမျှ
မိန်းမတွေလို ဒီပုပ်ထဲက ဒီပဲလို့ မြင်ခဲ့တယ် ငွေ မက်တယ် ချစ်တတ်တဲ့ နှလုံးသား မရှိဘူးပေါ့
တကယ်တမ်းတော့ ပွန် ထင်ထားခဲ့တာနဲ့ ပန်ရဲ့ဖြစ်တည်မှု စိတ်ဓာတ်တို့ စာရိတ္တတို့က
ပြဒါးတစ်လမ်း သံတစ်လမ်းပမာ ဖြစ်နေခဲ့ပါတယ်
ပန်က ပွန် ထင်နေသလို ခပ်ညံ့ညံ့ အပေါစား မိန်းမအမျိုးအစားထဲက မဟုတ်ပါ
အထူးသဖြင့် ပွန့်လို မိန်းမတွေကို အထင်သေး အမြင်သေး သဘောထားနေတဲ့
မိန်းမတွေကို မုန်းနေတဲ့လူမျိုးဆီကဆို ဘာဆိုဘာမှလည်း မလိုချင်သလို မပတ်လည်း မပတ်သက်ချင်ပါ
အဲ့ဒီနောက်မှတော့ ပန့်စိတ်ကို သိတဲ့ ပွန်နဲ့ ပွန့်ကို မုန်းတီးနေတဲ့
ပန်တို့တွေ အချေလိုင်းပေါ်ကို ရောက်သွားကာ တစ်ယောက်နဲ့တစ်ယောက်ဖဲ့ကြရာကနေ
အမှတ်မထင် သူတို့အကြားမှာ အချစ်ပန်းတွေ ဖူးပွင့်လာခဲ့ပြီး အချစ်လမ်းတွေ ပေါက်လာခဲ့ပါတော့တယ်
နောက်တော့ ပလာပွန်နဲ့ပန်တဝမ်တို့ရဲ့ အချစ်လမ်းတွေကလည်း ကတီပါလို့ မဖြောင်းဖြူးခဲ့ပါ
အမှန်တရားတစ်ခု ပေါ်ပေါက်လာတာကြောင့်ပေါ့
အဲ့ဒီအမှန်တရားက ပန်တဝမ့်အမေက ပွန် သိပ်ကို မုန်းရတဲ့ သိုက်တူးသမား မိထွေးဖြစ်နေလို့ပါ
ကံကြမ္မာလှိုင်းလုံးတွေက သူတို့နှစ်ယောက်ကို ဆုံတွေ့ဖို့ အကြောင်း ဖန်တီးခဲ့ပေမယ့်
မမျှော်လင့်ပဲ ရုတ်တရက်ဝင်ရော်လာခဲ့တဲ့ ပြောင်းလဲမရတဲ့ အမှန်တရားကြောင့်
သူတို့နှစ်ဦး လမ်းမှာတွေ့ရင်တောင် နှုတ်မဆက်ချင်လောက်အောင် မုန်တီးသွားလေမလား.........?
အချစ်ခရီးကရောလည်း ရေစုန်ကို မျောပါသွားပြီး သောင်တင်ရပ်တန့်သွားမလား?
ရေဆန်ကို ပြန်တက်နိုင်ပါ့မလား? ဆိုတာ စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုသင့်တဲ့
ရိုမန့်တစ်ဒရမ်မာ ဇာတ်ကားကောင်း တစ်ကားဖြစ်တယ်ဆိုတာ မင်မင် အာမခံပါရစေနော်