-
Movie Name
-
Night Crawler (2014)
-
Year
-
2014
-
Generes
-
Crime, Drama
-
Code
-
02863
-
Type
-
Movie
-
Size
-
814 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားမှာလဲ ကိုယ့်ကိုယ်ကျို းအတွက်သာကြည့်တဲ့ သတင်းသမားတစ်ယောက်အကြောင်းကို တင်ပြရိုက်ကူးထားတာပါ။ Lou Bloom( Jake Gyllenhaal)ဟာ အလုပ်လက်မဲ့တစ်ယောက်ဖြစ်ပြီးတော့ ကုမ္ပဏီတွေဆီမှာ အလုပ်လျှောက်ခဲ့ပေမယ့်အလုပ်မရခဲ့ပါဘူး။တစ်ညမှာ အက်စီးဒင့်တစ်ခုဖြစ်နေတာကို သတင်းသမားတွေက သတင်းယူ သတင်းရောင်းတာ တွေ့လိုက်တော့သူ သတင်းသမားဘဝကို စိတ်ဝင်စားသွားပါတယ်။သူ စက်ဘီးတစ်စီးကို ခိုးရောင်းပြီးတော့ ရတဲ့ပိုက်ဆံနဲ့ ကင်မရာ ဆက်သွယ်ရေးကိရိယာတွေဝယ်ပြီးကားစုတ်လေးပေါ်တပ် သတင်းသမားဘဝကို စတင်ပါတော့တယ်။
တကယ်တော့ သတင်းယူတယ်ဆိုတာလည်း မလွယ်လှပါဘူး။ရေဒီယိုက မြည်လာတဲ့အကူအညီတောင်းတဲ့နေရာ ဖြစ်ပွားတဲ့နေရာဆီကို အလုအယက်သွားနိုင်မှ သတင်းကိုဦးဦးဖျားဖျားရယူနိုင်တာပါ။နောက်ကျရင်တော့ သူ့သတင်းကို ဘယ်သတင်းဋ္ဌာနကမှ မဝယ်တော့ပါဘူး။နည်းနည်းလူရည်လာ တဲ့ Lou Bloomက လူတစ်ယောက်ကို တစ်ည ဒေါ်လာသုံးဆယ်နဲ့ငှားလိုက်ပါတယ်။အဲဒီလူက ရေဒီယိုက မြည်လာတဲ့နေရာကို Lou Bloomကို လမ်းညွှန်ပြောပြရတာပါ။ Lou Bloomက ကားမောင်းတာပါ။
Lou Bloom က ပိုက်ဆံလိုချင်လို့သာ သတင်းသမားဝင်လုပ်ခဲ့တာပါ။ဘာကျင့်ဝတ်ဘာစည်းကမ်းမှ နားလည်တဲ့သူမဟုတ်ပါဘူး။သူ့ခေါင်းထဲမှာ သတင်းရ ရင် ပိုက်ဆံရမယ်ဆိုတာပဲ တွေးထားသူပါ။ဘယ်သူ့ကိုမှလည်း အားနာထောက်ထားသူမဟုတ်ပါဘူး။အမဲလိုက်ခွေးလိုသတင်းကိုပဲ အမြဲ အနံ့ခံနေတတ်ပြီး သူ့အလုပ်ကို အချိန်ပြည့်အာရုံစိုက်တာကြောင့် သတင်းဋ္ဌာနတွေကသူ့ကို သဘောကျကြပါတယ်။သူရဲ့ ဝိရီယကောင်းမှု လျင်မြန်ဖျတ်လတ်မှု ဖျတ်ထိုးဉာဏ်ကောင်းမှု တွေက သူ့အလုပ်မှာအောင်မြင်လာပြီး ထိုက်သင့်တဲ့ငွေကြေးတွေပါပိုင်ဆိုင်လာခဲ့ပါတော့တယ်။
Lou Bloom ရဲ့ ငွေကြေးမက်မောမှု က ဘယ်လောက်ဆိုးရွားသလဲဆိုရင် သူလိုဘဝတူသတင်းသမားတစ်ယောက် သတင်းယူရင်ကားအက်ဆီးဒင့်ဖြစ်တာကိုတောင် အားနာငဲ့ညှာမှု မပေးပဲ သတင်းလုပ်ရောင်းစားခဲ့သူပါ။ တစ်ညတော့ လူသတ်ဓါးမြတိုက်တဲ့နေရာကို သူတို့က အရင်ဆုံးရောက်ခဲ့ကြပြီးတော့ လူသတ်သမားတွေရော စီးတဲ့ကားကိုပါ ကင်မရာနဲ့ရိုက်ကူးနိုင်ခဲ့ပါတယ်။ နောက် အိမ်ထဲထိဝင်ပြီးတော့ အသတ်ခံရတဲ့မိသားစု တွေကိုပါ သတင်းရိုက်ကူးခဲ့ပါတယ်။သူအဲဒီသတင်းအတွက် မြိုးမြို းမြက်မြက်ရလိုက်ပါပြီ။ အပြင်မှာတော့ဂယက်ထနေပါပြီ။ရဲကခေါ်စစ်ပါတယ်။သူက လူသတ်သမားတွေကိုရိုက်ထားတဲ့ဗီဒီယိုဖိုင်ကို ဝှက်ထားပြီး မသိကြောင်းငြင်းခဲ့ပါတယ်။သူက အဲဒါကို ထပ်ပြီးအသုံးချဖို့ပါ။
နောက်တော့ လူသတ်သမားတွေနောက်ကို ခြေရာခံပြီး ရဲတွေဆီသတင်းပို့ပါတယ်။သူတို့က ကင်မရာနဲ့ ချိန်ထားပါတယ်။အမှန်က သတင်းတစ်ခုဖြစ်အောင် Lou Bloom ကလက်တစ်လုံးခြားလုပ်လိုက်တာပါပဲ။
ဘဝရပ်တည်ရေးအတွက် ဘာမဆိုလုပ်ရဲတဲ့ Lou Bloomတစ်ယောက်သတင်း သမားအဖြစ်အောင်မြင်သွားအောင်မှာလား၊ရဲတွေလက်ကရော လွတ်မြောက်နိူင်ပါ့မှာလား ဆိုတာ စိတ်ဝင်စားစရာပါ။သတင်းသမားဆိုင်မှာ ကျင့်ဝတ်တွေနဲ့ ပတ်သတ်ပြီး ပညာပေးထားတဲ့
ဒီဇာတ်ကားကို မကြည့်ရသေးတဲ့ ဘော်ဒါများ မလွတ်တမ်းအားပေးကြပါဟု ပြောရင်းနဲ့။
ရုပ်ရှင်ချစ်သယ်ရင်းများကျန်းမာချမ်းသာကြပါစေ