-
Movie Name
-
Pan’s Labyrinth (2006)
-
Year
-
2006
-
Generes
-
Fantasy, War
-
Code
-
02874
-
Type
-
Movie
-
Size
-
855 MB
-
Country
-
Hollywood
-
Description
-
၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Pan’s Labyrinth ဇာတ်ကားဟာ
၇၉ကြိမ်မြောက်အော်စကာဆုပေးပွဲမှာBest Art Direction ဆု
Best Cinematography ဆုနဲ့ Best Makeup ဆုရရှိထားသလို
ဒီဇာတ်ကားဟာကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၉သန်းအကုန်အကျခံရိုက်ကူးထားပေမယ့်
ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၃သန်းကျော် ပြန်လည်ရရှိထားပါတယ်။
8.2/10 ratingကြမ်းကြမ်းနဲ့ဒီဇာတ်လမ်းလေးဟာတော့
နတ်သမီးပုံပြင် တစ်ပုဒ်ပေါ်အခြေခံထားပေမယ့်
ကလေးတွေမကြည့်သင့်တဲ့ Horror and Fantascy Movie ကောင်းတစ်ပုဒ်ဖြစ်ပါတယ်…
စပိန်ပြည်တွင်းစစ်ပြီးစအချိန် ပထွေးဖြစ်သူစစ်ဗိုလ် စခန်းချရာ တောနယ်ဘက်ကို
မိခင်ဖြစ်သူနဲ့အတူပြောင်းရွှေ့လာရတဲ့ ၁၁နှစ်သမီး အိုဖီလီယာ လေးဟာ
သူတို့အိမ်အနီးကတောအုပ်ထဲမှာဝင်္ကဘာတစ်ခုကို တွေ့ရှိခဲ့ပါတယ်….
ဝင်္ကဘာထဲမှာကလေးမလေးသာမြင်နိုင်တဲ့ဆိတ်တစ်ပိုင်းလူတစ်ပိုင်းနတ်ရဲ့ပြောကြားချက်အရ…
အိုဖီလီယာဟာမြေအောက်ကမ္ဘာကပျောက်ဆုံးနေတဲ့မင်းသမီးလေးတစ်ပါးဖြစ်ကြောင်းသိရှိလာရပါတယ်…
သူ့ရဲ့ကမ္ဘာကိုပြန်သွားဖို့အတွက် တာဝန်သုံးခုကိုထမ်းဆောင်ရဖို့ဖြစ်လာပါတယ် …
ပထမတာဝန်က အစားကြီးတဲ့ ဖားပြုတ်ထွားကြီးခံတွင်းထဲက ရွှေသော့ရဖို့
ဒုတိယတာဝန်က ကလေးစားနတ်ဆိုးထံကနေ ရွှေဓားရယူဖို့နဲ့
တတိယတာဝန်ကတော့….
အော်ဖေလီယား တစ်ယောက် တာဝန်တွေပြီးမြောက်ပါမလား…
အိုဖီလီယာ့ပထွေးတို့တပ်နဲ့ တောခိုသူပုန်တပ်တို့တိုက်ပွဲကလည်းအရှိန်မြင့်လာတဲ့အခါ ….
Fairy tale နဲ့ စပိန် ပြည်တွင်းစစ်နဲ့အားပြိုင်တင်ဆက်ထားတဲ့ဒီဇာတ်လမ်းလေးဟာ
နတ်သမီးတွေ မိစ္ဆာတွေ စစ်သားတွေ ဇာတ်ရုပ်စုံစွာပါဝင်တဲ့အတွက်စိတ်ဝင်စားစရာကောင်းလှပြီး
အားလပ်ရက်မှာမဖြစ်မနေကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်