-
Movie Name
-
Priest (2011)
-
Year
-
2011
-
Generes
-
Action, Fantasy, Horror
-
Code
-
02881
-
Type
-
Movie
-
Size
-
627 MB
-
Country
-
Hollywood
-
Description
-
လူသားများနဲ့သွေးစုပ်ဖုတ်ကောင်များအကြားတစ်ဦးနဲ့တစ်ဦးရာစုနှစ်ပေါင်းများစွာ
ရှည်လျားစစ်ပွဲများကမ္ဘာဂြိုလ်ရဲ့မျက်နှာပြက်ပျက်စီးမှု့နဲ့အတူ သီအိုကရေစီလို့ခေါ်တဲ့ဘုရားကျောင်း Church မှ
ဦးဆောင်တိုက်ပွဲဝင်လျက်ရှိပါတယ်….
သူတို့ဟာလူသားများကိုကာကွယ်စောင့်ရှောက်ဖို့ ဧရာမတံတိုင်းကြီးများကိုကာကွယ်ဆောက်လုပ်ထားခဲ့ကြပါတယ်…
ထို့အတူ သွေးစုပ်ဖုတ်ကောင်များကိုနှိမ်နင်းရန်အတွက်လည်း အထက်တန်းလွှာသူရဲကောင်းအဖွဲ့ဖြစ်တဲ့
Priest လို့အမည်ရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးအဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်…
ထို Priest ခေါ်ဘုန်းတော်ကြီးများရဲ့တိုက်ခိုက်မှု့များကြောင့် သွေးစုပ်ဖုတ်ကောင်အများစုသေဆုံးခဲ့သောကြောင့်
ကာလကြာရှည်စွာဆင်နွှဲနေသောစစ်ပွဲနှင့်အတူ ထိုအစွမ်းထက်သောဘုန်းတော်ကြီး အဖွဲ့ကို Church မှပယ်ဖျက်ခဲ့ပါတယ်…
ထိုသို့သူတို့အားလုံး သေဆုံးပျောက်ကွယ်သွားပြီလို့ထင်နေကြတဲ့ သွေးစုပ်ဖုတ်ကောင်များ
ကြောက်မက်ဖွယ်ရာ ပြန်လည်ပေါ်ထွက်လာတဲ့အချိန်မှာတော့…….
ထိုကဲ့သို့အစွန်းထက်လှတဲ့ Pirest တစ်ဦးရဲ့တူမဖြစ်တဲ့ လီလီကောလင်းဟာ
သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့နဲ့အတူ ပြန်ပေးဆွဲခံခဲ့ရပါတယ်……
ဒါကြောင့် ထို Priest ဟာမြို့မှာအာဏာအရှိဆုံးဖြစ်တဲ့ ဘုရားကျောင်းခေါင်းဆောင်ကိုအကူညီတောင်းခဲ့ပေမယ့်
သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့ကိုအယုံကြည်မရှိခဲ့ပါဘူး….ဒါကြောင့်သူတစ်ယောက်တည်းပဲ
ပြန်လည်ကယ်တင်ရန် ဘုရားကျောင်းရဲ့ စကားတွေကို ငြင်းပယ်ပြီးတော့
မြို့ပြင်ကိုထွက်လာခဲ့ပါတယ်…
ထိုကဲ့သို့ သွေးစုပ်ဖုတ်ကောင်တွေပြန်ပြီးတော့ ပေါ်ထွက်လာတဲ့အချိန်မှာတော့ အားလုံးရဲ့ခေါင်းဆောင်လို့
ယူဆလို့ရမယ့် ဦးထုပ်နက်နဲ့ သွေးစုပ်ဖုတ်ကောင်ပါဝင်လာခဲ့ပါတယ်..တခြားသွေးစုပ်ဖုတ်ကောင်တွေနဲ့
ကွာခြားနေတာကတော့ သူဟာလူသားသွေးစုပ်ဖုတ်ကောင်ဖြစ်ပါတယ်….
Priest ဟာလည်းသူ့ရဲ့တူမကိုပြန်လည်ရရှိအောင်ကယ်တင်မှာဖြစ်ပြီးတော့
အစွမ်းထက်တဲ့လူသားနဲ့ လူသားသွေးစုပ်ဖုတ်ကောင်တို့ရဲ့ သတ်ပွဲများကို စိတ်လှုပ်ရှားဖွယ်ရာ
ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်….
ဒီ Priest ရုပ်ရှင်ဟာ ဘုန်းတော်ကြီးများအကြောင်းထက် လူသားနဲ့ သွေးစုပ်ဖုတ်ကောင်တို့ရဲ့အကြောင်းကို
ရိုက်ကူးတင်ဆက်ပေးထားတဲ့ ကားကောင်းတစ်ကားဆိုရင်လည်းမမှားပါဘူး….
သဘာဝလွန်ကားတွေကြိုက်တဲ့လူတိုင်း ဒီကားကိုသေချာကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ…
အားလုံးအကြိုက်တွေ့ကြမှာပါ….