Movie Name
Runway Cop (2012)
Year
2012
Generes
Comedy, Romance
Code
02894
Type
Movie
Size
404 MB
Country
Hollywood
Description
ချာချွဲဆု (မင်းသား Kang Ji‑hwan) က ငယ်ငယ်ကတည်းက ဖိုက်တာတစ်ယောက်…. အခုကတော့ ကိုရီးယား ရဲတပ်ဖွဲ့မှာ သူ့တပည့်ကလွဲပြီး ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ နာမည်တစ်လုံးနဲ့ ရဲဖိုက်တာ ဖက်တီး..။ သူနဲ့ကျောင်းနေဖက် ယွန်ဂျေး (မင်းသမီး Sung Yu‑ri) က လျှမ်းလျှမ်းတောက် ဖက်ရှင်ဒီဇိုင်နာ…။ ယွန်ဂျေးတို့ မော်ဒယ်လ်ရှိုးပြပွဲက လူဆိုးဂိုဏ်းတစ်ခုရဲ့ မူးယစ်ဆေးတွေ ရောင်းဝယ်ဖောက်ကားမှု ဌာနေဖြစ်လာတဲ့အခါ……. ဒီလူဆိုးဂိုဏ်းကို လက်ရဖမ်းဖို့ ရဲတပ်ဖွဲ့မှ မော်ဒယ်လ်ရှိုးပြပွဲထဲကို သူလျှိုထည့်ဖို့ ကြိုးစားပါတော့တယ်။ ခက်နေတာက ကိုရီးယားရဲတွေမှာ ချဲခွဲဆုလောက် မော်ဒယ်အရပ်အမောင်းရှိတဲ့လူမရှိ….. ချာချွဲဆုကျတော့လဲ အရပ်အမောင်းရှိပေမယ့် သူ့ပုံစံက ဖက်တီး… ပုံမလာ ပန်းမလာ….။ ရွေးချယ်စရာမရှိတော့တဲ့ ရဲတပ်ဖွဲ့ကလဲ ချာချွဲဆိုကိုပဲ မော်ဒယ်တစ်ယောက်ပုံစံပေါက်လာအောင် ယွန်ဂျေးဆီကို အပ်လိုက်ပါတော့တယ်။ ယွန်ဂျေးနဲ့ ချာချွဲဆုကလဲ ငယ်ငယ်ကတည်းက အပေါက်အလမ်းမတည့်သူများဖြစ်ရာ….။ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မယ့် ချာချွဲဆိုနဲ့ ငြင်းပယ်မရတဲ့ ယွန်ဂျေးနဲ့ ပဟေဠိဆန်တဲ့ လူဆိုးဂိုဏ်းတို့ ဘယ်လိုတွေ ဖြစ်ပျက်ကြမယ်ဆိုတာ………။ သဘောကျမိတဲ့ ကိုရီးယား ဇာတ်ကားလေးပါ။ ပေါ့ပေါ့းပါးပါး ဟာသဆန်ဆန် အချစ်ကားတွေ ခံစားချင်တယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်သင့်ပါတယ်။