-
Movie Name
-
So Wayree (ချစ်လက်စွပ်ကလေးသက်သေတည်)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
ST0153
-
Type
-
Series
-
Size
-
13 GB
-
Country
-
Thai
-
Description
-
💍ချစ်လက်စွပ်ကလေးသက်သေတည် 💍(completed)
မီသာ ဆိုတဲ့ ကောင်မလေးက ချောတယ်,လှတယ်,
ဖြူစင်တယ်,နူးညံ့တယ် အရာရာမှာပြီးပြည့်စုံတယ် ....
ဘွဲ့ရတဲ့နေ့မှာ မီသာ တို့သူငယ်ချင်းတွေ Hua Hin က ကလပ် မှာ အောင်ပွဲခံပါတီလုပ်ခဲ့ကြပါတယ် ....
အဲ့ဒီနေ့မှာပဲ မီသာ့ကို သူ့သူငယ်ချင်းဖြစ်သူ
ပန် (နက်ဖက်စီရီ) က မီသာသောက်မယ့်ခွက် ထဲကို
ဆေးထည့်ပြီး မီသာ့ကို ပရင် ဆိုတဲ့ ကောင်လေးဆီကို ရောင်းခဲ့ပါတယ် ....
အဲ့ဒီညမှာပဲ ဆေးအရှိန်ကြောင့် မီသာလည်း
အသိစိတ်လွတ်ကာ ပရင်နဲ့ လွန်လွန်ကျူးကျူး
ဖြစ်သွားခဲ့ပါတော့တယ် ....
ထိုအချိန်ကတည်းကစပြီး မီသာလည်း
စိတ်ဒဏ်ရာဒဏ်ချက် ပေါင်းစုံနဲ့ သူ့ အန်တီဝယ်
နေထိုင်ရာ နယူးယောက်မြို့ကို ချက်ချင်းပဲပညာတော်သင်သွားခဲ့ပါတယ် ....
တစ်နေ့မှာတော့ မီသာ ကိုယ်ဝန်ရှိနေတာကို သိခဲ့တော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ စဉ်းစားခဲ့ပါတယ် ....
ဒါပေမယ့် အန်တီဝယ်ကြောင့် အစီအစဉ်
မအောင်မြင်ခဲ့ပါဘူး ....
အဲ့ဒီနောက်တော့ မီသာ ကိုယ်ဝန်မဖျက်ချပဲ အန်တီဝယ့်အကူအညီနဲ့ ကလေးတွေကို မွေးခဲ့ပါတယ် ....
ကလေးတွေကိုတခြားသူကို ပေးပစ်ဖို့စီစဉ်ခဲ့သော်လည်း
မီသာ မပေးရက်နိုင်ခဲ့ကာ ကိုယ်တိုင်ပဲ စောင့်ရှောက်
ခဲ့ပါတယ် ....
သုံးနှစ် ကြာပြီးသည့်နောက် မီသာ့ အဖေ ကျန်းမာရေးအခြေအနေကြောင့် ထိုင်းကို ပြန်ဖို့ အကြောင်းဖန်
လာပါတော့တယ် ....
မီသာ ထိုင်းကို ပြန်ရောက်လာတော့ အမှတ်မထင်ပွဲ
တစ်ခုမှာ ပရင်နဲ့ဆုံခဲ့ပါတော့တယ် ....
ဒါပေမယ့် ပရင်တော့ မမြင်ခဲ့ရှာပေ ....
အဲ့ဒီနောက်တော့ ပရင်က မီသာ တို့ကုမ္ပဏီရဲ့
ပြိုင်ဘက် ကုမ္ပဏီကဆိုတာ သိလိုက်ရပါတော့တယ် ....
တစ်နေ့တော့ မီသာ ပရင့်ကို ကလဲ့စားချေဖို့
တမင်သက်သက်အကြောင်းဖန်တီးကာ
သွားတွေ့ခဲ့ပါတော့တယ် ....
အကြောင်းတစ်ခုခုကြောင့် မှားယွင်းမိသွားတဲ့
ကိုယ်သိပ်ချစ်ရတဲ့ မိန်းကလေးတစ်ယောက်ကို
တာဝန်ယူပေးဖို့ ပရင် တစ်ယောက် သုံးနှစ်တိုင်တိုင်
လိုက်ရှာနေရာမှ အမှတ်မထင်တွေ့လိုက်ရတော့
ဝမ်းသာမဆုံး ဖြစ်ခဲ့ပါတယ် ....
ဒါပေမယ့် အဖြစ်အပျက် က သူ ထင်ထားသလို
မဟုတ်ခဲ့ပါ ....
ကလဲ့စားချေချင်တဲ့စိတ်တစ်ခုနဲ့ ပရင့်ဆီကို
ဝင်ရောက်လာတဲ့ မီသာ နဲ့ ကိုယ်ချစ်ရတဲ့သူကို
သုံးနှစ်တိုင်တိုင်လိုက်ရှာခဲ့ရတဲ့ ပရင်တို့
ဘာတွေ ဆက်ဖြစ်ကြမလဲ .... ?
ဒီအဖြစ်အပျက်ရဲ့ တရားခံက မီသာ့ သူငယ်ချင်း ဆိုတာကို မီသာသိသွားရင် ပရင့်ပေါ်မှာ ထားတဲ့ရန်ငြှိုးတွေ
ပြေပျောက်သွားမှာလား .... ?
ဒါမှမဟုတ် အရင်လိုပဲ ဆက်လက် မုန်းတီးနေမှာလား
ဆိုတာ ဒီ "ချစ်လက်စွပ်ကလေး သက်သေတည်"
လို့အမည် ရတဲ့ ဇာတ်လမ်းဇာတ်အိမ် အခိုင်အမာ နဲ့ဇာတ်ကားကောင်းလေးမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် ❤️