Movie Name
Sadako 2 (2013)
Year
2013
Generes
Horror
Code
02906
Type
Movie
Size
686 MB
Country
Japan
Description
ဒီဇာတ်ကားလေးကတော့ကျွန်တော့်ရဲ့၇ကားမြောက် ဘာသာပြန်ကားလေးဖြစ်သလိုပထမဆုံးဘာသာပြန်တဲ့ဂျပန်သရဲကားလေးလည်းဖြစ်ပါတယ် 
 ခင်မင်တဲ့သူငယ်ချင်းတွေနဲ့အစ်ကိုတွေကဂျပန်ကားလေးပြန်ပါလားလို့ပြောတာကြောင့်ပြန်ဖြစ်သွားတာ လည်းဖြစ်ပါတယ် အမှန်တိုင်းပြောရရင်ဒီကားလေးကိုဘာသာပြန်ရင်းကို တော်တော်ကြက်သီးထမိပါတယ်အသံတွေရဲ့လုပ်ဆောင်ချက်ကတော်တော်မိုက်တာမို့ဘာသာပြန်ရင်း နဲ့တောင်နောက်တခါသရဲကားဘာသာမပြန်တော့ဘူးလို့စိတ်ကူးမိတဲ့အထိပါပဲ 
 ဒီဇာတ်ကားလေးဟာ ဆာဒကိုဆိုတဲ့သရဲမအကြောင်းကိုရိုက်ကူးထားတာပါ ကျွန်တော့်သူငယ်ချင်း(ဂျပန်)ပြောတာကတော့ဒီဇာတ်ကားရိုက်နေရင်းကိုအနုပညာရှင်တွေ ဒါရိုက်တာတွေအခက်အခဲတွေ့ခဲ့ရပါတယ်တဲ့မြန်မာကားမှာဆို သက်တံ့သစ်ကားရိုက်တုန်းကအခက်အခဲ လိုမျိူ းထင်ပါတယ် 
 ဒီဇာတ်ကားဟာအပိုင်း၂ပါ အပိုင်း၂ကလည်းသူ့ဇတ်လမ်းနဲ့တူကွဲပြားတာကြောင်း ကျွန်တော်အပိုင်း၂ကိုဘာသာပြန်ဖြစ်တာပါကဲအညွန်းလေးဖတ်လိုက်ရအောင် 
 လွန်ခဲ့သော၅နစ်ကသေဆုံးသွား ပြီဖြစ်သောဆာဒကိုဆိုသောသရဲမလေးထူးထူးဆန်းဆန်းပန်းချီကားလေးတွေကိုဆွဲတတ်သော ကလေးမလေးတစ်ယောက်ကလေးမလေးကိုမချေမငံလုပ်မိသူတိုင်းအသေဆိုးနဲ့ဘာလို့သေကြတာ လဲကလေးမလေးကသရဲဝင်စားဖြစ်နိင်ပါ့မလား သေဆုံးသွားသောလူတွေကကောရိုးရိုးသားသား သေဆုံးသွားကြတာလားဘေးပရောဂတွေကောပါလားမွေးကတည်းကကလေးမလေးရဲ့မိခင်ကော ဘယ်ကိုရောက်သွားလဲစသဖြင့်ဇတ်ကွက်လေးတွေ ကပရိတ်သတ်ကိုဖြည်းဖြည်းချင်းဆွဲဆောင်သွားမှာပါ 
 ဖုန်းနဲ့ကြည့်သောသူများနားကြပ်ထိုးပြီးကြည့်ပါလေ computerနင့်ကြည့်သောသူများမီးပိတ်ပြီးကြည့် ပါသေချာပါတယ်သရဲကားကြိုက်တဲ့ပရိတ်သတ်တွေ စိတ်လှုပ်ရှားမှုတွေကိုဒီဇတ်ကားလေးကပေးမှာပါ