Movie Name
Sahara (2005)
Year
2005
Generes
Action, Adventure
Code
02908
Type
Movie
Size
799 MB
Country
Hollywood
Description
၁၈၆၅ အမေရီကန် ပြည်တွင်းစစ် အတွင်းမှာ ဗိုလ်ချုပ်တွေက ရံပုံငွေအဖြစ် ရွှေဒင်္ဂါးပြားတွေကို သွန်းလုပ်ခဲ့တယ် ။ စစ်ပွဲအခြေနေ မဟန်တော့ ဗိုလ်ချုပ်တွေက ရွှေဒင်္ဂါးပြားတွေကို သံချပ်ကာသင်္ဘောအပြည့်တင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးခဲ့ကြတယ် ။ သူတို့ရည်ရွယ်တာကတော့ အဲဒိအချိန်က အာဖရိကရဲ့ အစည်ကားဆုံး နိုက်ဂျီးရီးယားနိုင်ငံ နိုက်ဂျားမြစ်ဘေးက လန်ဘီဇာဂါမြို့ကိုပေါ့ ။ ဒါပေမယ့် ကံဆိုးလှစွာပဲ မုန်တိုင်းမိခဲ့တယ် ။ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်ရေတွေကြီးပြီး သင်္ဘောတစ်ချို့ဟာ နီးစပ်ရာ ကမ်းကို ဝင်ခိုနားကြရင်း မြစ်ရေပြန်ကျတော့ ကုန်းပေါ်မှာ သောင်တင်ကျန်ရစ်ကုန်တယ် ။ မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက် သွားတယ် ။ ဘယ်တော့မှ ပြန်မလာတော့ပါဘူး ။ လှေပေါ်ပါသူအားလုံးဟာ သေဆုံးကုန်ကြတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့တယ် ။ အဲဒိဒဏ္ဍာရီကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်မှာ ရှေးဟောင်းပစ္စည်း ရှာဖွေတဲ့ နူမာ ကုမ္ပဏီပဲပေါ့ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာ ပလိပ်ရောဂါဆန်းတစ်မျိုးကို တွေ့ရှိတယ် ။ အဲဒိ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားကြတယ် ။ ရောဂါကို ကုသဖို့အတွက် မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖို့ ကြိုးစားကြတယ် ။ အဓိက ပလိပ်ရောဂါပိုးက မာလီနိုင်ငံကတဆင့် နိုက်ဂျားမြစ်တွင်းကနေ စီးမျောလာတာကို သိသွားကြတယ် ။ မာလီမှာက နယ်ခံ လူမျိုးရေး ပြည်တွင်းစစ်တွေဖြစ်နေပြန်တယ် ။ ဇာတ်လမ်းအကြောင်းကို ဆက်ပြောရရင်ဖြင့် ဒဏ္ဍာရီထဲက ရွှေအပြည့်တင်ထားတဲ့ သံချပ်ကာ သင်္ဘောကို ရှာတဲ့ NUMA ကုမ္ပဏီက လူတွေရယ် ၊ ပလိပ်ရောဂါပိုးကြောင့် ဇစ်မြစ်ကို ရှာတဲ့ WHO က ဆရာဝန်တွေရယ် ၊ မာလီနိုင်ငံက တွားရက်လူမျိုးတွေရဲ့ ပြည်တွင်းစစ်ပွဲတွေရယ် နဲ့ တကယ့် မြိုင်မြိုင်ဆိုင်ဆိုင် ဇာတ်ကားကြီးပါပဲ ။ ဇာတ်လမ်းဇာတ်ကွက်ကတော့ မထင်ထားသလို နှစ်ပင် သုံးပင် လိမ်တွေမို့ ကိုယ်တိုင်သာ ရွှေတွေရှာရင်း ခံစားကြည့်ရှူလိုက်ပါတော့ ။