-
Movie Name
-
သမုဒယရိပ်မြုံ
-
Year
-
2011
-
Generes
-
Drama, Romance
-
Code
-
ST0046
-
Type
-
Series
-
Size
-
1.3 GB
-
Country
-
Thai
-
Description
-
သမုဒယရိပ်မြုံ
P' Nadech & P'mew တို့ရဲ့ ဇာတ်ကားကောင်းလေး စ/ဆုံးတင်ပေးလိုက်နော်😊 ဒီကားလဲ မင်မင် Ch 7 မှာကြည့်ခဲ့တာ review ကိုတော့ အောက်မှာဖတ်ကြည့်လိုက်နော်😘
💓 မဆန်းကျယ်သော်လည်း ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းကလေးတစ်ပုဒ်ကို ယာတောတစ်ခုတွင် ဇာတ်အိမ်တည်ထားသည်။ Nadech က ယာတောပိုင်ရှင် Singh အဖြစ် သရုပ်ဆောင်ထားသည်။. Mew က ကာလအတန်ကြာ ကွဲကွာနေသောဖခင်ကိုလိုက်လံရှာဖွေနေသည့် သမီးငယ် Noona အဖြစ် သရုပ်ဆောင်ထားသည်။ Au က Noona ၏ဖခင် Ramအဖြစ်သရုပ်ဆောင်သည်။ Ram သည် Singh ၏ညီမနှင့် မေတ္တာမျှခဲ့သည်။ Singh ၏ညီမအဖြစ် Diana ကသရုပ်ဆောင်သည်။
💓 ဘန်ကောက်မြို့ လူကုန်တန်လောကတွင်ကြီးပြင်းလာသည့် မိန်းကလေး Nara ၏ ဘ၀ကို ဇာတ်လမ်းဆင်ထားသည်။ သူ့ကို မိခင်နှင့် အဖိုးဖြစ်သူတို့က ပြုစုပျိုးထောင်လာခဲ့သည်။တစ်နေ့တွင် သူသည် သူ့ဖခင်သက်ရှိထင်ရှားရှိနေပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှယာတောတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြောင်း သိခဲ့ရသည်။ ထို့ကြောင့် Nara သည်သူ့ဖခင်ကိုရှာဖွေရန် ဘန်ကောက်မှချက်ချင်းထွက်လာခဲ့သည်။ သူက သူ့ဖခင်လုပ်ကိုင်နေသည့် ယာတောတွင် အလုပ်လျှောက်ထားလိုက်သည်။သူ့ဖခင်နှင့်ရင်းနှီးမှုရရန်ကြိုးစားနေစဉ် ယာတောပိုင်ရှင် Singh နှင့်ပါ နီးစပ်လာခဲ့ပြီး သူတို့နှစ်ဦး၏ မေတ္တာဇာတ်လမ်းစတင်လာခဲ့သည်။
💓 Noona သည် သူ့ဖခင်သေဆုံးခဲ့သဖြင့် မိခင်ကသူ့ကိုပြုစုစောင့်ရှောက်ခဲ့ရသည်ဟုထင်မှတ်ထားခဲ့သည်။ သူ့မိခင်မှာ မိမိကိုယ်တိုင်၏အရေးကိုသာ ဦးစားပေးတတ်သူဖြစ်သည်။ အဖြစ်မှန်ကိုသိရှိပြီးသောအခါ Noona သည် ဖခင်ထံသွားရောက်နေထိုင်ရန်ဆန္ဒပြင်းပြလာသည်။ သူ့ဖခင်ရေးလိုက်သောစာကို ဖတ်ခဲ့ရပြီးသောအခါ သူ့ဖခင်ကိုလိုက်လံရှာဖွေပြီး သူ့ဖခင်သူ့ကိုစွန့်ခွါခဲ့ရသည့်အကြောင်းရင်းကို သိနားလည်အောင်ကြိုးပမ်းရန် ဆုံးဖြတ်လိုက်သည်။ Noona ၏ဖခင်သည် ှ Singh ပိုင်ဆိုင်သည့်ယာတောတွင် အလုပ်လုပ်ကိုင်သည်။ Noona သည် မူလကစီစဉ်ထားသည့်အတိုင်း သူ့ဖခင်ထံသွားရောက်တွေ့ဆုံခြင်းမပြုဘဲ အခြားနည်းလမ်းကိုရွေးချယ်ခဲ့သည်။ သူ့အနေဖြင့် ဤကဲ့သို့ ပင်ပန်းသည့်အလုပ်မျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးသော်လည်း သူ့ဘ၀မှန်ကိုဖုံးကွယ်ပြီး Singh ထံ ယာတောတွင် အလုပ်လုပ်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ဤနည်းဖြင့် သူ့ဖခင်အကြောင်းကို ပိုမိုသိနားလည်အောင် ကြိုးစားခဲ့သည်။
💓 Singh က Noona ၏ရည်ရွယ်ချက် မအောင်မြင်အောင် အကြိမ်ကြိမ်တားမြစ်ခဲ့သည်။ Ram သည် အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး သူကျူးလွန်မိသည့်အပြစ်တစ်ခုကြောင့် သူ့ဇနီးနှင့်သမီးကို စွန့်ခွာခဲ့ရသည်။သူ့အနေဖြင့် ဖခင်တစ်ဦးအဖြစ်ရပ်တည်ရန်မသင့်လျော်ဟုယုံကြည်ခဲ့သည်။ Noona က သူ့ကိုယ်သူ Ram၏သမီးဖြစ်ကြောင်းဖွင့်ပြောသောအခါ Ram မှာ သမီးကိုကရုဏာသက်မိရသည်။
Ram အဖို့ Singh ၏ညီမ၀မ်းကွဲ Nong အပေါ်ချစ်စိတ်ကတစ်ဖက် Noona အပေါ်ထားရှိသည့် ဖခင်တစ်ဦး၏မေတ္တာတရားကတစ်ဖက် ကြုံလာရပြန်သည်။ Nong သည် အလွန်ချောမောလှပ၍ နှစ်လိုဖွယ်ကောင်းသူဖြစ်ပြီး Ram ကိုသဘောကျနေသည်။ Ram ကလည်း သူ့ကိုအလားတူသဘောထားစေလိုသည်။
💓 Singh သည် သူ့၀န်ထမ်းများကို စည်းကမ်းတင်းကြပ်စွာအုပ်ချုပ်သူဖြစ်သည်။ သို့သော် Noona အပေါ်ချစ်စိတ်ကြောင့် သူနှင့်ပတ်သက်သမျှကို ခွင့်လွှတ်ထားသည်။ Noona က တစ်စုံတစ်ရာကိုလျှို့ဝှက်ထားမှန်းသိသော်လည်း ချစ်စိတ်ကို မတားဆီးနိုင်ပေ။Singh မှာ Noona ၏လျှို့ဝှက်ချက်ကိုဖေါ်ထုတ်ရန်ကြိုးစားနေရသလို အခြားတစ်ဖက်တွင်လည်း သူ့ယာတောမှသစ်ကို ခိုးယူသူ၏ ရန်ကိုလည်း ရင်ဆိုင်နေရသည်။ သူကကျူးကျော်သူတို့ကိုဖမ်းဆီးနိုင်ရန် စီစဉ်တိုင်း သူ့အသက်ကိုရန်ရှာခံနေရသည်။