-
Movie Name
-
Saving Mr.Wu(chian) (2015)
-
Year
-
2015
-
Generes
-
Action, Crime
-
Code
-
02911
-
Type
-
Movie
-
Size
-
832 MB
-
Country
-
Hollywood
-
Description
-
ဒီဇတ်ကားဟာ အဆိုတော် မင်းသားကြီး Andy Lau ကို
အကြမ်းအရမ်း ပုံစံမျိုးနဲ့ တွေ့ရမှာ မဟုတ်သလို ခပ်ညံ့ညံ့
ပုံစံမျိုးလဲ မဟုတ်ပြန်ပါဘူး…
ရုပ်ရှင်မင်းသားကြီး ဝူ ဟာ သူ့မန်နေဂျာ နှင့် အတူ ပွဲတစ်ခုမှ
အပြန် ရဲဟု ပြောဆိုသူတွေထံ အကြောင်းရှာဖမ်းဆီးခံလိုက်ရပါတယ်
နောက်မှ သိရတာကတော့ ရဲဆိုသူတွေဟာ ရဲအတုတွေ ဖြစ်ပြီး ဝူ ကို
ပြန်ပေးဆွဲပြီး အကျပ်ကိုင် ငွေညှစ်မယ့်သူများပဲ ဖြစ်ပါတယ်…
ပြန်ပေးဆွဲသူဟာလဲ အရင်က လိမ်လည်မှုများနဲ့ ထောင် ၉ နှစ်ကျပြီး
ထောင်က ထွက်လာတာ တစ်နှစ်မပြည့်သေးတဲ့ သူ တစ်ဦးလဲ ဖြစ်နေပါတယ်
ပိုဆိုးတာက သူ ပြန်ပေးဆွဲတဲ့သူတွေကို ပိုက်ဆံမရရအောင် အကုန် ညှစ်ယူပြီး
အသက်ရှင်လျက် ပြန်မလွှတ်တက်တဲ့နေရာမှာ နာမည်ကြီးပြန်ပါတယ်…
ဝူ ထက် အရင် ဖမ်းဆီးခံရသူနှင့် ဝူ နှစ်ဦးသားဖမ်းဆီးခံထားရပြီး
အရင်ဖမ်းဆီးခံထားရသူတွက်ပါ သနားသဖြင့် ဝူ မှ ပြန်ပေးငွေ ပေးမည်ဟု
ကတိခံပြီး သူ့အိမ်တွင် ဘဏ်ကတ် သွားယူရန် လူဆိုးအားပြောလိုက်ပါတယ်
ဘတ်ကတ် ရယူပြီးသေးသော်လဲပဲ ကောက်ကျစ်လွန်းတဲ့ လူဆိုးဟာ
ငွေထပ်ညှစ်ပြီး ဝူ ကို ယုတ်မာပြန်ပါတယ် နောက်ဆုံး ဘဏ်မှာ အပ်ထားသော
ပိုက်ဆံများ သွားထုတ်မည် ည ၉ နာရီထိုးလို့မှ ပြန်မလာခဲ့ရင် ဝူ တို့ ၂ ဦးကို
သတ်ပစ်ရန် လူဆိုးမှ တပည့်များကို မှာကြားခဲ့ပြီး လမ်းတွင် ရဲများထံ
အဖမ်းခံလိုက်ရပါတော့တယ်…
ရဲများထံ အမှန်မပြောတဲ့ လူဆိုး နှင့် ၉ နာရီကျော်လျင် အသတ်ခံရတော့မယ့်
ဝူ တို့ ဓါးစာခံ ၂ ဦး …
ရဲက အရင်ရှာတွေ့လား အသတ်ခံလိုက်ရမလား ဆိုတာ
စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇတ်ကားကောင်း တစ်ခုဖြစ်ပါတယ်လို့
ညွှန်းဆိုလိုက်ပါရစေ…
(ဘာသာပြန်သူ ကသာသာလေး ဖြစ်ပြီး အညွန်းရေးသူကတော့ သစ်ဆန်းခန့်ပဲ ဖြစ်ပါတယ်)