Movie Name
Seeking Justice (2011)
Year
2011
Generes
Action, Crime
Code
02916
Type
Movie
Size
751 MB
Country
Hollywood
Description
Seeking Justic မှာတော့ Cage က သာယာတဲ့အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ကျောင်းဆရာ တစ်ဦးအဖြစ်သရုပ်ဆောင်ထားပါတယ်။ မိန်းမကလည်း အနုပညာသည် တစ်ဦးဖြစ်ပြီး ယောကျ်ားအပေါ်လည်းအလွန်ချစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ မိန်းမဖြစ် သူ အိမ်ကိုပြန်လာချိန်မှာ လမ်းမှာမုဒိမ်းကျင့်ခံလိုက်ရပါတယ်။ Cage ဆေးရုံကိုရောက် သွားတဲ့အချိန်မှာ မိန်းမဖြစ်သူလုံးဝ သတိလစ်လို့နေပါပြီ။ မိန်းမဖြစ်သူ သတိပြန်အလည် လာကိုစောင့်နေရင်း လူထူးလူဆန်းတစ်ယောက်က Cage ကိုစကားလာပြီးပြောပါ တယ်။ သူ့မိန်းမကိုမုဒိမ်းကျင့်တဲ့လူကို သူသိတယ်။ အဲဒီလူကို သတ်ပေးမယ်ဖြစ်ပြီး ပိုက်ဆံလည်းပေးစရာမလိုတဲ့အပြင် ဘာအမှုမှပတ်စရာမရှိကြောင်း ပြောတဲ့အခါ Cage တစ်ယောက်အရမ်းအံ့သြသွားပါတယ်။ အဲဒီအခါမှာ Cage က အဲဒီလူကိုပဲ ပြပါ။ သတ်ပေးစရာလည်းမလိုဘူး ရဲလက်ကိုပဲအပ်မယ်လို့ပြောတဲ့အခါ အဲဒီလူက မုဒိမ်းမှု နဲ့ ထောင်ကျရင် ၁၁လပဲကျမှာဖြစ်ပြီး မိန်းမဖြစ်သူက တရားရုံးမှာအမှုရင်ဆိုင်ရာမှာမို့ လူသိရှင်ကြားနဲ့ အရှက်တကွဲအကျိုးနဲစရာတွေဖြစ်လာမှာမို့ မုဒိမ်းကျင့်တဲ့လူကိုသတ် လိုက်တာဟာအကောင်းဆုံးဖြစ်တယ်လို့ရှင်းပြပါတယ်။ နောက်ဆုံး Cage တစ်ယောက် ထိုသူပြောတဲ့စကားကိုလက်ခံလိုက်ပြီး ဘာကြောင့်အဲဒီလူမုဒိမ်းကျင့်တဲ့လူကို သတ်ပေး ရတာလဲလို့မေးတဲ့အခါမှာ ရဲတွေရဲ့တရားမျှတမှုမရှိလို့ ကိုယ်တိုင်ကိုယ်ကျ အဖွဲ့တစ်ခုဖွဲ့ပြီး တရားမျှတမှုကိုလိုက်ရှာနေတဲ့အတွက် ဒါမျိုးလုပ်ပေးတယ်လို့ပြောပြီးထွက်သွားပါတယ်။ နောက်နေ့မှာလည်းတကယ်ပဲ Cage ဆီကို အဲဒီမုဒိမ်းကျင့်တဲ့လူ သေနေတဲ့ပုံ နဲ့ အခင်းဖြစ်ပွားတဲ့နေရာမှာကျန်ခဲ့တဲ့ မုဒိမ်းသမားဆီရောက်နေတဲ့ သူ့မိန်းမရဲ့ဆွဲကြိုးလေး ရောက်လာပါတယ်။ ဒီလိုနဲ့ ၆လလောက်ကြာပြီ အချိန်မှာတော့ အဲဒီလူထူလူဆန်း ဆီက ဖုန်းလာပြီး သူကိုကိစ္စတစ်ခုခိုင်းတဲ့နောက်ပိုင်းမှာ Cage ထင်ခဲ့သလိုအလွယ် နဲ့ပြီးဆုံးခဲ့တဲ့ဇာတ်လမ်းတစ်ခုမဟုတ်တဲ့အပြင် အဲဒီမုဒိမ်းသမားကို ဘာကြောင့်သတ်ပေးခဲ့တာ လဲဆိုတာရယ်၊ အခုအချိန်မှာ သူ့ကိုပြန်လုပ်ခိုင်းတဲ့ကိစ္စရဲ့နောက်ကွယ်မှာ ရှုပ်ထွေးပွေလီလှတဲ့ အရှုပ်ထုပ်ကြီးတစ်ခုကို Cage တွေ့လိုက်မြင်လိုက်ရတဲ့အချိန်မှာ အားလုံးက နောက်ကျသွားပါပြီ။ အဲဒီအရှုပ်ထုပ်တွေကြားကနေလင်မယားနှစ်ယောက် ရုန်းထွက်လွတ်မြောက်ဖို့ကြိုစားတဲ့နောက်မှာတော့………………………………….။ (ရုပ်ရှင်အညွှန်းကို Movie Crazies’s FB Page မှကူးယူဖော်ပြပါသည်။)