Movie Name
Godzilla King Of The Monsters (2019)
Year
2019
Generes
Action, Adventure, Fantasy
Code
03309
Type
Movie
Size
1.29 GB
Country
Hollywood
Description
ဂေါ်ဇီလာရုပ်ရှင်တော်တော်များများကို ကျွန်တော်တို့ကြည့်ဖူးကြပါတယ်..ကြည့်လိုက်တိုင်းလည်း လူသားတွေရဲ့ဲပြသနာရှာမှု့တွေကိုဂေါ်ဇီလာကပဲ လိုက်ဖြေရှင်းတိုက်ခိုက်ပေးနေရတာပါ…ပြောရမယ်ဆိုရင် လူသားတွေကတိုက်တန်ကြီးတွေကိုမုန်းတယ်ဒါပေမယ့် တကယ်တမ်းပြသနာတက်လာခဲ့ရင်လည်း အဲဒီတိုက်တန်တွေရဲ့ဘုရင်ကြီးကပဲ ထွက်လာရတာပါပဲ….အဲချိန်ကျမှ ဟေးခနဲ ဝါးခနဲ အသံတွေနဲ့ပျော်နေကြတာလည်းလူသားတွေပါပဲ..ဒီကားမှာလည်း နဂိုထဲကပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့Ghidorah (ခေါင်းသုံးလုံးနဂါး) ကိုထွက်လာအောင်သွားလုပ်လို့ဘုရင်ကြီးကပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီးထွက်ကယ်ရပြန်ပါတယ်….အသေချကြပါတယ်….. အကောင်ကြီးတွေချတာကြည့်ပြီး ကြက်သီးလည်းထတယ်..အကောင်းဆုံးကတော့ ဂေါ်ဇီလာရဲ့ theme song ပြန်ပါလာပါတယ်….အဲအသံကိုကြားတဲ့ချိန်ပျော်တယ်ဆိုတာထက် မိုက်တယ်ကွာလို့တောင် ပြောမိတယ်….ကျွန်တော်တို့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေတဲ့ Epic Battle တစ်ခုကိုခံစားပြီးပါပြီ…End Game က Final Scene ပါ….နောက် Epic Battle တစ်ခုကိုပြောပါဆိုရင်တော့ဒီကားထဲက Godzilla နဲ့ Ghidorah (ခေါင်းသုံးလုံးနဂါး) တို့ရဲ့တိုက်ပွဲပါပဲ…တကယ်လည်းမိုက်တယ် …. အသေချတယ်….ကြည့်ရတဲ့လူအဖို့ ဂေါ်ကြီးနိုင်ပါစေ ….ဂေါ်ကြီးထိသွားရင်လည်း ဟာခနဲဖြစ်ပြီးရင်ခုန်ပြီးကြည့်နေရတာပါ….ဒီကားက တိုက်တန်ကြီးတွေချတာကိုကြည့်တာနဲ့တင်လုံးဝတန်နေပြီဖြစ်တဲ့ ကားလို့တောင်ပြောလို့ရပါတယ်…ဒါကြောင့် ဒီကားရဲ့ ဇာတ်လမ်းအကြောင်းကိုအားလုံးလည်းနားလည်အောင် အနည်းငယ်တင်ဆက်ပေးပါရစေ…ဒီရုပ်ရှင်ကတော့ ၂၀၁၄ ဂေါ်ဇီလာကားရဲ့ အဆက်ဖြစ်ပြီးတော့Rating 6.6 ရရှိထားပါတယ်..Rating နည်းတာကိုမကြည့်ပါနဲ့…တိုက်တန်ကြီးတွေရဲ့Battle တွေကိုကြည့်ကြည့်ပါ…လုံးဝအလန်းကြီးတွေပါ………ဇာတ်လမ်းသဘောအရတော့ ဂေါ်ဇီလာနဲ့ တိုက်တန်အချို့တိုက်ပွဲအပြီးမှာ မိုနာ့ခ် အဖွဲ့ကြီးဟာ အခြားသော တိုက်တန်တွေကို ရှာဖွေထိန်းသိမ်းနေကြပါတယ်။ ဒေါက်တာ အမ်မာကတော့ တိုက်တန်တွေကို အမိန့်ပေးနိုင်မယ့် အော်ကာလို့ ခေါ်တဲ့ စက်တစ်မျိုးကို တီထွင်နိုင်ခဲ့တယ်။ အဲဒီစက်ကနေ ဂီဒီုရာနိုးထလာပြီး အခြားတိုက်တန်တွေရဲ့ ဘုရင်နေရာအတွက် ဂေါ်ဇီလာနဲ့ အားပြိုင်မှုတွေ ဖြစ်လာပါတော့တယ်……( Openload နဲ့ဒေါင်းတဲ့လူများ အခုတင်တင်ချင်းတစ်ရက်အတွင်းဒေါင်းစေချင်ပါတယ်..နောက်ရက်တွေက ပျက်မှာသေချာတဲ့အတွက် ဒေါင်းလို့ရမှာမဟုတ်လောက်ပါဘူး….)