-
Movie Name
-
The Nutcracker And The Four Realms (2018)
-
Year
-
2018
-
Generes
-
Adventure, Fantasy, Family
-
Code
-
03318
-
Type
-
Movie
-
Size
-
496 MB
-
Country
-
Hollywood
-
Description
-
ခရစ္စမတ်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ကလေးလေးအရွယ်ကတည်းကအသိ သညာတွေရှိခဲ့ဖူးတယ် အမှတ်တရတွေမှ လဲ အများကြီးပဲခရစ္စမတ်ကာရိုးသီချင်း လေးတွေနားထောင်ပြီး ကြက်ဆင်သားနဲ့ပူတင်းပူပူလေးတွေ စားသောက်ကြတဲ့ ပျော်ပွဲရွှင်ပွဲတွေအကြောင်းဖတ်ဖူးကြမှာပါဒီ The Nutcracker and the four realms ဆိုတဲ့ကားလေးမှာ လဲ ခရစ္စမတ်ရဲ့ မရိုးအီနိုင် တဲ့ခံစားမှုအငွေ့အသက်လေးတွေတွေ့မြင် ခံစားရဦးမှာပါဘာလို့ဆို ဇာတ်လမ်းကို ခရစ္စမတ်အကြိုညလေးနဲ့စတည်ထားတာကိုးplot အပိုင်းပြောရမယ်ဆိုရင် ကလာရာဆိုတဲ့ကောင်မလေးမှာ သူ့အမေဆီကအမွေရထား တဲ့တီထွင်ညာဏ်ရည်ထူးချွန်တဲ့အရည်ချင်း ပါလာတယ်မွေးချင်းသုံးယောက်ရှိတဲ့ မိသားစုလေးကို ချစ်ကြင်သူဇနီးမရှိပဲထိန်းကျောင်းလာခဲ့ရတဲ့ ကလာရာတို့အဖေ ကတော့နှစ်တိုင်းခရစ္စမတ်ရောက်တာနဲ့ အတိတ်ဟောင်းတွေတူးဆွပြီးလွမ်းမော တသဖြစ်နေတတ်တယ် သူမှမဟုတ်ပါဘူးကျန်တဲ့မွေးချင်းတွေနဲ့ လုံးဝမတူကွဲထွက် နေတဲ့ကလာရာလေးလဲထပ်တူထပ်မျှပါပဲဒီလိုနဲ့ အမေ့ဆီကလက်ဆောင်တွေဆိုပြီးခရစ္စမတ်အကြိုညမှာ ပင်ချောင်းသော့ ခလောက်လေးပါတဲ့ဥလေးတစ်လုံး ကလာရာ ရလိုက်ခဲ့တယ် ဒါပေမယ့်လက်ဆောင်ဘူးထဲမှာ ဖွင့်ဖို့သော့ပါမလာ ခဲ့ဘူးအဲ့သော့ရဲ့အဖြေကို သူတို့ ခေါင်းကိုင်အဖေကြီးဒရော်ဆယ်မာယာ ဆီကရပြီး အခြားကမ္ဘာတစ်ခုရောက်ဖို့အ ကြောင်းဖန်လာတဲ့ အခါဒီ movie လေးရဲ့ genre ကတော့ fantasy အမျိုးစားဆိုတဲ့အတိုင်းvisual effect တွေပဲ တွေ့မြင်ရမှာပါ Alice in Wonderland တို့ လိုမျိုးပေါ့ဒီတိုင်းထူးထူးဆန်းဆန်းလေးတွေ စိတ်ကူးယဉ်ဇာတ်ကောင်လေးတွေကလေး ဘဝက အတွေးလေးတွေနဲ့ပြန်လည်ထုဆစ် ကြည့်ရမယ့်Disney ကားလေးတစ်ကားပါအထူးတလည်ဝေဖန်စရာဘာမှမရှိဘူးအဲ့လို လုပ်ဖို့လဲ မလိုပါဘူး Disney ဆိုတဲ့အတိုင်းfairytale လေးတွေကို background music ကောင်းကောင်းtheme song ကောင်း ကောင်းနဲ့တင်ပြပေးသွားနိုင်တယ်fantasy ကိုမှ အကြမ်းအရမ်းတွေမပါပဲတဖန်ပြန်ကြည်နူးလွမ်းဆွတ်ဖို့ကြည့်ချင် တဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခု ဖြစ်မှာပါrating:IMDb-5.6 Rotten Tomatoes-34%ရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်