Movie Name
Autumn Fairy Tale (2019)
Year
2019
Generes
Drama, Romance
Code
03323
Type
Movie
Size
962 MB
Country
China
Description
ဒီတစ်ခေါက်မှာတော့ ဆောင်းဦးရွက်ကြွေချစ်သက်သေကိုးရီးယားဇာတ်လမ်းတွဲကိုပြန်ရိုက်ထားတဲ့chinese movieကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာတော့အဓိကသရုပ်ဆောင်အဖြစ်Jiao Rui (Jun Xi)၊Zhao LuSi (En Xi)(ချစ်သောမင်းကြီး)နဲ့Xu Kai (Han Tai)(Story of Yanxi Palace)တို့ကအဓိကပါဝင်သွားမှာဖြစ်ပါတယ် ရင်ကျွင့်ရှီးငယ်ငယ်ကဆေးရုံမှာညီမလေးကိုသွားကြည့်ရင်းသတိမထားမိပဲအန်းရှီးနဲ့ရှင်းအိုက်မွေးကင်းစကလေးနှစ်ယောက်ရဲ့ချိတ်ထားတဲ့နာမည်ကတ်ပြားတွေကိုပြုတ်ကျအောင်လုပ်မိပြီးသူနာပြုဆရာမတွေ့သွားတဲ့အခါနာမည်ကတ်ပြားကိုမှားယွင်းပြီးပြန်ချိတ်မိသွားပါတယ်။သာယာချမ်းမြေ့တဲ့မိသားစုမှာကြီးပြင်းလာကြတဲ့ရင်ကျွင့်ရှီးနဲ့ရင်အန်းရှီးတို့မောင်နှမနှစ်ယောက်ကြားကိုကားတိုက်မှုတစ်ခုဝင်လာပြီးနောက်အရာအားလုံးကပြောင်းလဲခဲ့ရပါတယ်။ကားတိုက်မှုကြောင့်အန်းရှီးသွေးအမျိုးအစားကိုမိဘတွေစစ်ဆေးကြည့်မိတဲ့အခါမှာတော့အန်းရှီးနဲ့ပတ်သက်တဲ့အဖြစ်မှန်ကိုသိသွားပြီး တစ်ညထဲနဲ့ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးအဖြစ်အမေအရင်းဆီကိုပြန်ရောက်သွားပြီးကျွင့်ရှီးကအဖေအမေ ညီမလေးရှင်းအိုက်တို့နဲ့အတူအမေရိကန်ကိုပြောင်းသွားခဲ့ရပါတော့တယ်။အချိန်တွေကြာပြီးနောက် အန်းရှီးနဲ့အတူပိုင်ဆိုင်ခဲ့ဖူးတဲ့လှပတဲ့အမှတ်တရတွေရှိနေတဲ့မွေးရပ်မြေကိုကျွင့်ရှီးနောက်တစ်ခါပြန်ရောက်လာပြီးအန်းရှီးကိုပြန်လာရှာခဲ့ကာနောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုကြပါလို့တိုက်တွန်းလိုက်ပါတယ်နော်