Movie Name
KunLun Taoist Scriptures Part 1
Year
2017
Generes
Fantasy, Historical, Romance
Code
03343
Type
Movie
Size
731 MB
Country
China
Description
တရုတ်သိုင်းကားတွေနှစ်ခြိုက်သူတွေအနေနဲ့ သဘောတွေ့မယ့်ကားပါပဲ၂ကား ထွက်ရှိထားပြီး ကြည့်လို့ရအောင် တပြိုက်တည်း ၂ ကားလုံးတင်ပေးလိုက်ပါတယ် နှစ်တစ်ထောင်မှတစ်ခါဖြစ်တည်လာတဲ့သန့်စင်တဲ့ရွှမ်ရင်းစွမ်းအင်ကိုစွမ်းအားကျင့်သူတိုင်းက ကိုယ့်စွမ်းအားအဆင့်မြင့်လာဖို့အတွက်လိုချင်တပ်မက်နေကြပါတယ်။ ဒီလိုအစွမ်းထက်တဲ့သန့်စင်တဲ့ရွှမ်ရင်းကိုယ်ပိုင်ရှင်မိန်းကလေးချူ ချူ ကနတ်လောကမှာ ကိုယ့်စောင့်ရှောက်သူဖြစ်တဲ့ရှောင်ပင်းနဲ့ချစ်ကြိုက်မိပြီးနတ်စည်းကမ်းကိုချိုးဖောက်မိလို့ နှစ်ယောက်စလုံးလူ့လောကကိုဆင်းဖို့အပြစ်ပေးခံရပြီး ဝမ်းနည်းစရာကောင်းစွာပဲချစ်သူနှစ်ဦးရဲ့ဇာတ်လမ်းကအဆုံးသတ်သွားခဲ့ရပါတယ်။နှစ်တစ်ထောင်ကြာပြီးနောက် လူ့လောကကိုရောက်ရှိလာခဲ့တဲ့သန့်စင်တဲ့ရွှမ်ရင်းကိုယ်ပိုင်ရှင်မိန်းကလေးက သူ့ကိုယ်ထဲမှာရှိတဲ့သန့်စင်တဲ့ရွှမ်ရင်းသွေးက သူ့အသက်၂၁နှစ်မှာပဲစွမ်းအားပြည့်ဝလာမှာဖြစ်ပါတယ်။ဒီအကြောင်းတွေကိုသိနေပြီးသန့်စင်တဲ့ရွှမ်ရင်းစွမ်းအင်ကိုတပ်မက်နေတဲ့ဝမ်ကျားချန်ကလည်းသူ့စွမ်းအားအဆင့်တက်ဖို့အတွက်သန့်စင်တဲ့ရွှမ်ရင်းကိုယ်ကစွမ်းအင်ကိုယူနိုင်ဖို့အချိန်ကောင်းကိုစောင့်နေခဲ့ပါတယ်…ဝမ်ကျားချန်လက်ထဲကနေလွတ်အောင်ထွက်ပြေးရင်းလွန်ခဲ့တဲ့နှစ်တစ်ထောင်ကချစ်သူရှောင်ပင်းနဲ့လူ့ပြည်မှာပြန်ဆုံတွေ့ရသောအခါ…ပြန်ဆုံတွေ့ချိန်မှာလည်းချူ ချူ ရဲ့စောင့်ရှောက်သူပဲပြန်ဖြစ်လာရသောအခါအရင်ဘဝကဖြစ်ခဲ့တဲ့ချစ်သူနှစ်ဦးရဲ့ဝမ်းနည်းစရာအချစ်ဇာတ်လမ်းကတစ်ကျော့ပြန်ဖြစ်လာဦးမှာလားဆိုတာကတော့….Kulun Taoist Spictures ဆိုတဲ့ ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှူ ကြပါလို့ တိုက်တွန်းလိုက်ရပါစေ…