-
Movie Name
-
Plerng Boon (မီးလျှံကြားက သစ္စာ)
-
Year
-
2017
-
Generes
-
Drama
-
Code
-
ST0055
-
Type
-
Series
-
Size
-
23.4 GB
-
Country
-
Thai
-
Description
-
(2017 ) က Rating (8.9) နဲ့ Channel-3 ရဲ့No-1 Rating အများဆုံးစာရင်းဝင်ခဲ့တဲ့ (Plerng Boom) 🔥 မီးလျှံကြားကသစ္စာ 🔥 ဇာတ်လမ်း စ လယ် ဆုံး ဇာတ်ရှိန်မြင့်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ အိမ်ထောင်ရေးဇာတ်လမ်းနဲ့အတူ ပညာပေးလေးတွေပါ ထည့် သွင်းရိုက်ကူးထားပါတယ်။ Casts... 🔥 ရတ် အဖြစ် (Pong) 🔥 ဖျင် အဖြစ် (Bella) 🔥ကျိုင်ရန် အဖြစ် ( Jannie) 🔥 ထည့်ဖန် အဖြစ် ( Louis Scott) 🔥 ဝမ် အဖြစ် ( Bua) တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ▪ ဖျင် (Bella ) နဲ့ကျိုင်ရန် ( Jannie) တို့ဟာအရမ်းခင်ကြတဲ့့ သူငယ်ချင်းတွေပါ။ ကျိုင်ရန်က အဆင့်အတန်းမြင့်ပြီးချမ်းသာတဲ့ မျိုးရိုးပါ။ ဖျင် ကတော့ သာမန်လူတန်းစားထဲကပါပဲ့။ ▪ တစ်နေ့မှာ......ဖျင် (Bella) ရဲ့အိမ်နားကို ရတ် (Pong)ဆို တဲ့သူတစ်ယောက်ပြောင်းရွှေ့လာခဲ့ပြီး ဖျင်နဲ့ ရတ် တို့ဟာ လည်း သူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်။ ▪ ဖျင် ကနေ တစ်ဆင့် ရတ် နဲ့ကျိုင်ရန် တို့သိကျွမ်းခွင့်ရပြီး မိတ်ဆွေသူငယ်ချင်းအဆင့်ကနေ ချစ်သူအဆင့်ရောက်ခဲ့ ကြတယ်။ ▪ ဒါပေမယ့် ကျိုင်ရန် ဟာ သူ တို့မျိုးရိုးလောက် ငွေကြေးမချမ်းသာ တဲ့ ရတ် ကို စွန့်ပစ်ပြီး သူတို့ထက်ငွေကြေးချမ်းသာတဲ့ ထည့်ဖန် ( Louis Scott) ဆိုတဲ့သူနဲ့လက်ထပ်သွားခဲ့ တယ်။ ▪ ရတ် ဟာအသည်းကွဲဝေဒနာကိုအလူးအလဲခံစားခဲ့ရပြီး ကျိုင်ရန် ကို အရမ်းနာကျည်းသွားခဲ့တယ်။ ▪ တစ်နေ့မှာတော့...ရတ် ဟာ သူ့အပေါ် အမြဲကောင်းပြီး နားလည်မှုတွေပေးနိုင်တဲ့ ဖျင် ကို ဘဝလက်တွဲဖော်အဖြစ်ရွေး ချယ်လိုက်တော့တယ်။ ▪ ကျိုင်ရန်ရဲ့အိမ်ထောင်ရေး ဘဝဟာ သူမထင်ခဲ့သလို မသာယာခဲ့ ဘူး။ အိမ်ထောင်လည်းကွဲသွားခဲ့ပြီး နောက်ပိုင်း ရွှေဘုံပေါ်မှာ စံ နေခဲ့တဲ့သူမ ရဲ့ဘဝမှာ နေ့ချင်း ညချင်းဆိုသလို ပြိုလဲပြီး သူမမှာ ရှိတဲ့အရာတွေ တစ်ခုပြီးတစ်ခုကွယ်ပျောက်လာခဲ့တယ်။ ▪ ကျိုင်ရန်ရဲ့ဘဝ ပျက်စီးနေချိန်မှာ ဖျင်ရဲ့ဘဝ ဟာ ရွှေရောင် တလက်လက်နဲ့ပေါ့။ ▪ ကျိုင်ရန် နဲ့ ဖျင်ရဲ့ဘဝ ဟာ မိုးနဲ့မြေလို ကွာခြား လာခဲ့တယ်။ ကျိုင်ရန်က ဖျင်အပေါ် မနာလိုမှုတွေပြည့်လာပြီး ရတ် ကို လည်း သူမ ပြန်ပြီး ပိုင်ဆိုင်ချင်လိုစိတ်နဲ့ ဖျင် နဲ့ ရတ် တို့ရဲ့အိမ်မှာ နေဖို့ခွင့်တောင်းလာခဲ့တယ်။ ▪ ဖျင်က သူငယ်ချင်းအပေါ် သနားစိတ်တွေ စေတနာတွေ နဲ့အကူ အညီပေးခဲ့ပေမယ့်လည်း.......နောက်ဆုံးမှာတော့.... ကျိုင်ရန်တစ်ယောက် ဘာတွေဆက်ပြီးမွှေမလဲ? ရတ် နဲ့ဖျင်တို့ရဲ့အိမ်ထောင်ရေးကရော ဘာတွေဆက်ဖြစ်လာမလဲ? ဖျင် ကရော သူမရဲ့စေတနာတွေကနေ ဝေဒနာ တွေဖြစ်ကုန်တဲ့ အပေါ် သူမရဲ့ခံစားချက်ကရော ဘယ်လို နေမလဲ? နောက်ဆုံး ဘယ်လို တွေအဆုံးသတ်မလဲ? ဆိုတာ ကြည့်ရှုရမှာပါ။ * * ဒီဇာတ်ကားထဲမှာ လူတစ်ယောက်ဟာ ကောင်းမှုတစ်ခုကို မပြုသင့်တဲ့အချိန် ကိုယ်ပေးမယ့် စေတနာတရားတွေကို မထိုက်တန် တဲ့သူတစ်ယောက်ကို ပေးမိလိုက်ရင် ကိုယ့်ရဲ့ကောင်းမှုဟာ ကိုယ့်ဆီကို မီးလိုပဲ့ပြန်လောင်ကျွမ်းစေတတ်တယ်ဆိုတဲ့ အကြောင်းကို ပညာပေးထားပါတယ်နော်