Movie Name
The Bravest (2019)
Year
2019
Generes
Action, Family
Code
03357
Type
Movie
Size
946 MB
Country
China
Description
ကျန်းကျိဝေ ဆိုတာ သိပ်တော်တဲ့မီးသတ်ခေါင်းဆောင်တစ်ယောက်….အတွေ့အကြုံလည်းများသလို တစ်ဒင်္ဂအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ငယ်သားတွေကလည်း လေးစားအထင်ကြီးကြတယ်..တစ်နေ့တော့ မီးလောင်မှုတစ်ခုမှာ သူတို့အဖွဲ့ ကယ်ဆယ်ရေးလုပ်ကြတယ်…ကလေးတစ်ယောက်ကို ကျန်းကျိဝေခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့တယ်… ဒါပေမယ့် သူကလွဲလို့ မီးသတ်တစ်ဖွဲ့လုံးမမျှော်လင့်တဲ့ ဂစ်အိုးပေါက်ကွဲမှုကြောင့် သေဆုံးကုန်ကြတယ်…..ကျန်းကျိဝေအတွက် စိတ်ဒဏ်ရာအရဆုံးဖြစ်သလို ဦးတည်ရာမဲ့ရပ်တည်နေသလိုခံစားရတယ်…စိတ်ပညာဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်အရမူမမှန်သလိုဖြစ်နေတဲ့သူ့ကို မီးသတ်အဖွဲ့ကလည်း နှုတ်ထွက်စေချင်ကြတယ်…. တစ်နေ့တော့ တရုတ်နိုင်ငံရဲ့အကြီးဆုံး ဆိပ်ကမ်းရေနံသိုလှောင်ကန်ကြီး ပယောဂတစ်ခုကြောင့် မီးလောင်မှှုဖြစ်ပွားခဲ့တယ်….အကြီးဆုံးရေနံသိုလှောင်ကန်ဆိုတော့ တကယ့်ကို ကပ်ဆိုးကြီးဆိုက်တာပါပဲ…အခက်အခဲဆုံးမီးလောင်မှုတွေမတားနိုင်ခဲ့ရင် အက်တမ်ဗုံး အလုံး ၂၀ အားနဲ့ ညီမျှတဲ့ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ကျွမ်းကျင်ပညာရှင်တွေကဆိုကြတယ်….ဘယ်လောက်တောင်အားကြီးမလဲစဉ်းစားသာကြည့်တော့… ကျန်းကျိဝေတို့မီးသတ်အဖွဲ့တွေ နဲ့ တာဝန်ရှိသူတွေ ဘယ်လိုတားဆီးကြမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦး… ဒီကားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ… မီးသတ်နေတာကိုကြည့်ရုံနဲ့ ပျင်းစရာဇာတ်ကားကြီးလို့ထင်ရင်တော့မှားသွားလိမ့်မယ်…အစကနေအဆုံးထိ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရတာပါ..ကိုယ်တိုင်မီးသတ်တပ်ဖွဲ့ထဲရောက်သွားသလိုခံစားရပြီး ဖြစ်နိုင်ခြေတွေ လိုက်ကြည့်ရတာ ခင်ဗျားတို့ပါဇောချွေးပြန်လာလိမ့်မယ်… ရိုက်ချက်တွေကလည်း တကယ့်ကိုခမ်းနားသလို တခြားနိုင်ငံရဲ့ အထင်ကြီးလောက်စရာ နည်းစနစ်တွေကို အားကျစရာမြင်တွေရပါ့လိမ့်မယ်…. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်…..