Movie Name
The White Storm (2013)
Year
2013
Generes
Action, Crime
Code
03367
Type
Movie
Size
913 MB
Country
China
Description
ဒီကားလေး IMdb rating 6.6အထိရရှိထားတဲ့ Crime Action ကားလေးဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေ ဖြစ်ကြတဲ့ Nick Cheung (ဝေ)နဲ့ Louis Koo( ချိုး)တို့ဟာ Line walker ဇာတ်ကားတွေထဲက အဓိကဇာတ်ဆောင်တွေဖြစ်သလို Sean Lau (တင် )ဟာဆိုရင်လဲ Mad Detactive၊ The bullet Vanished စတဲ့ ဇာတ်ကားတွေမှာလဲ စုံထောက်အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ကြသူတွေပါ။ဒီ မင်းသားသုံးလက်ရဲ့သရုပ်ဆောင်ချက်တွေကတော့ အထူးညွှန်းစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်အကျဉ်းက ငယ်ငယ်ကတည်းက အမြဲတူတူ တတွဲတွဲနေလာတဲ့ တင်၊ဝေ နဲ့ ချိုးတို့ဟာ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဖြစ်လာခဲ့ပြီး မျက်နှာရှစ်ဖက်ဘုရားလို့ခေါ်တဲ့ မူးယစ်ရာဇာကို ထိုင်းနိုင်ငံမှာ လိုက်ဖမ်းကြပါတယ်။ သူတို့ထဲမှာ လူဆိုးအသွင်ယူထောက်လှမ်းရတဲ့ ချိုး ဟာမိသားစုရှိလာတဲ့အခါမှာတော့ အသွင်ယူရဲအဖြစ်ဆက်မလုပ်ချင်တော့လို့ စိတ်ထင်ရာလုပ်မိရာမှ သူတို့သူငယ်ချင်း ဝေ ကို သေစေမိခဲ့ပါတယ်။ ဒါကလည်း တင်ရဲ့ရွေးချယ်မှုကြောင့်ပါ။အဲ့တော့ သူတို့နှစ်ယောက်ဟာ အပြစ်ရှိစိတ်တွေနဲ့နေထိုင်ရင်း၊ ဝေ ကလည်း ကံကောင်းလို့ အသက်မသေခဲ့ပေမယ့် သူငယ်ချင်းတွေကိုနာကျည်းစိတ်နဲ့ လက်စားချေဖို့ပြန်လာပါတော့တယ် သူတို့သုံးယောက်ရဲ့ခင်မင်မှုက ဒီလိုပဲ အဆုံးသတ်သွားမလား၊မူးယစ်ဂိုဏ်းနဲ့ စီးပွားရေးသောင်းကျန်းနေတဲ့ မျက်နှာရှစ်ဖက်ဘုရားဆိုသူကိုကော ဖမ်းမိနိုင်ပါ့မလား ဆိုတာတော့ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရူနိုင်ပါတယ်နော်…