-
Movie Name
-
Ash Is Pure White (2018)
-
Year
-
2018
-
Generes
-
Drama
-
Code
-
03376
-
Type
-
Movie
-
Size
-
1.14 GB
-
Country
-
China
-
Description
-
Valentine Day စပယ်ရှယ်အနေနဲ့ Drama ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။ အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာအရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကိုအစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ ဒီဇာတ်ကားမှာ မြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်းကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒီဇာတ်ကားကိုCannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့်ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကိုChinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။