Movie Name
Goodbye Mr.Loser (2015)
Year
2015
Generes
Comedy
Code
03384
Type
Movie
Size
1.08 GB
Country
China
Description
ဒီကားလေးဟာ imdb6.7ရရှိထားပြီးChinese box officeမှာ $228millionအထိဝင်ငွေရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းလေးကတော့ရှလော့ဟာတေးရေးအဆိုကျော်ဖြစ်ချင်နေပေမယ့်မအောင်မြင်နိုင်ပဲ အမြဲကျရှုံးနေရသူပါ…တစ်နေ့မှာသူငယ်စဉ်ကcrushခဲ့ရတဲ့ကျောင်းရဲ့အလှဘုရင်မလေးချုံးယာမင်္ဂလာဆောင်ကိုစမတ်ကျကျနဲ့ ဟန်ဆောင်ပြီးသွားရာကနေ မင်္ဂလာပွဲမှာဘယ်လိုတွေရှုပ်ယှက်ခတ်ကုန်မလဲ..သူ့မိန်းမ မာတုန်းမိန်လိုက်လာပြီးနောက်မှာ အရှက်တွေကွဲပြီးထွက်ပြေးရာကနေ1990ခုနစ် သူ့ရဲ့အထက်တန်းကျောင်းသားဘဝကိုအမှတ်မထင်အချိန်ခရီးသွားပြီး ပြန်လည်ရောက်ရှိသွားပါတော့တယ်…ဒီလိုနဲ့ သူ မပိုင်ဆိုင်နိုင်ခဲ့တဲ့အချစ်နဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ကြိုးစားပါတော့တယ်…ရာစုနှစ်၂စုလောက်နောက်ကျပြီးမှထွက်လာမယ့်အဆိုကျော်တွေရဲ့သီချင်းတွေကိုCopyလုပ်ပြီးအောင်မြင်ကျော်ကြားလာပါတော့တယ်…..သူလိုချင်တဲ့အောင်မြင်မှုတွေနဲ့ချုံးယာကိုပိုင်ဆိုင်ခဲ့ရပေမယ့်ဒါကသူလိုချင်တဲ့ဘဝမျိုးဖြစ်ရဲ့လား…သူ့နှလုံးသားထဲမှာရှိနေတဲ့မိန်းကလေးဟာတစ်စုံတစ်ယောက်လို့သိလိုက်ရချိန်မှာတော့..ဇာတ်ကားတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..ဒီဇာတ်ကားလေးကြည့်ပြီးရင်တော့ကိုယ်မပိုင်ဆိုင်ခဲ့ရတဲ့ဘဝတွေကိုတမ်းတနေမဲ့အစားကိုယ့်ဘေးမှာ ဆိုးတူကောင်းဖက်ရှိနေပေးတဲ့သူကိုမြင်နိုင်ပြီးတန်ဖိုးထားရမယ်ဆိုတာသိလာမိပါတယ်….