Movie Name
My So Called Love (2008)
Year
2008
Generes
Romance
Code
03392
Type
Movie
Size
1 GB
Country
China
Description
Broken Family တစ်ခုကနေကြီးပြင်းလာရတဲ့ ရှောင်မောင်း(ကြောင်ကလေး) တစ်ယောက် ပထွေးရန်ကလွတ်အောင် ဆယ်ကျော်သက်အရွယ်ထဲကအိမ်ကထွက်ပြေးခဲ့တယ်… အထက်တန်းကျောင်းတက်နေတုန်း အားလျန် လို့ခေါ်တဲ့သူ့ချစ်သူကောင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်အတူနေထိုင်နေကြပေမယ့်..မြီးကောင်ပေါက်အချစ်က တဖြည်းဖြည်းနဲ့ သစ္စာမဲ့ခြင်းတွေနဲ့အဆုံးသတ်ခဲ့ကြတယ် ။ အားလျန်စစ်မှုထမ်းနေချိန် ရှောင်မောင်းတစ်ယောက်ငွေကြေးချို့တဲ့တဲ့ဒဏ်….အမကျန်တဲ့ဒဏ်တွေရောထွေးပြီးတော့ အင်တာနက်ကနေသူ့ထက်အသက်ကြီးတဲ့သူတစ်ယောက်နဲ့ ချိတ်မိပါလေရော…. Van ကလည်းမျောက်မွေးချင်တယ်…ရှောင်မောင်းကလည်းငွေလိုနေတယ်ဆိုတော့ ဇာတ်လမ်းကစရော… Van မှာအိမ်ထောင်ရှိတယ်ဆိုတာကို ရှောင်မောင်းမသိခင်လေးတင်…တစ်ယောက်ကိုတစ်ယောက်တကယ်ချစ်သွားကြတယ် ။ ဒီအဖြစ်မှန်ကိုသိသွားတဲ့အားလျန်တစ်ယောက်တပ်ထဲမှာဘာတွေလုပ်မလဲ….. ချစ်ရတဲ့ Van ကလည်းအိမ်ထောင်ရှိ… တပ်ထဲက အားလျန်ရဲ့ဆုံးဖြတ်ချက်ကိုလည်းသိလိုက်ရတဲ့ရှောင်မောင်းတစ်ယောက် ပလပ်တွေကျွတ်ပြီး လောကကြီးကိုစိတ်ကုန်လာပြီး မလုပ်သင့်တာတွေလုပ်တော့…. ချစ်သူဟောင်းအားလျန်ရော….ချစ်ရတဲ့ Van ရော နှစ်ယောက်လုံးက အနီးကပ်စောင့်ရှောက်ပေးကြတယ် ။ ဆယ်နှစ်ကျော်ဒီလိုပဲဖြတ်သန်းပြီးတဲ့အခါ….ရှောင်မောင်းတစ်ယောက်အသက် ၂၈ နှစ်အရွယ်နဲ့စိတ်သစ်လူသစ် လန်းဆန်းတက်ကြွနေချိန် ချမ်းသာပြီးကြင်နာတတ်တဲ့နှလုံးသားရှိတဲ့ Sunshine နဲ့တွေ့ဆုံခဲ့တယ်…. ဒါပေမယ့်….သူကကော တကယ်ပဲသူမရဲ့ နှလုံးသားအတွက်နောက်ဆုံးနားခိုရာဖြစ်ရဲ့လား…. အချစ်ဆိုတာဘာလဲ…ဆိုပြီးစတင်ရှာဖွေခဲ့တဲ့ ရှောင်မောင်းတစ်ယောက် တစ်ကယ်ပဲအချစ်စစ်ကိုဆုံတွေ့ခဲ့လား… သူဆုံတွေ့တဲ့သုံးယောက်မှာဘယ်သူက သူ့ရဲ့နှလုံးသားကိုအမှန်တကယ် စိုးမိုးနေတာလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာရှာဖွေကြည့်ကြရအောင်နော်…. IMDb Rating – 5/10 ( အညွှန်းနဲ့ဘာသာပြန်သူကတော့ Htoo Htoo Ka Joe ဖြစ်ပါတယ် )