Movie Name
Snow Flower And The Secret Fan (2011)
Year
2011
Generes
Drama, Historical
Code
03398
Type
Movie
Size
385 MB
Country
China
Description
၁၉ရာစုခေတ်လောက်က တရုတ်ပြည်မှာ ချစ်စရာကောင်းတဲ့အလေ့အထလေးနဲ့ ဆန်းကြယ်တဲ့ အလေ့အထ(၂)ခုရှိတယ်… လောင်တုံးလုပ်တယ်ဆိုတဲ့အလေ့အထတစ်ခုဟာ ရွယ်တူမိန်းကလေး၂ယောက်ကိုညီမအရင်းသဖွယ်နီးစပ်စေတာပါ လောင်တုံးလုပ်လိုက်ရင် နှစ်ပေါင်းများစွာတိုင်ညီအစ်မတွေဖြစ်သွားတယ်ဆိုတဲ့အယူအဆတေစ်ခုဖြစ်ပါတယ်…ညီအစ်မအရင်းသဖွယ်ဖြစ်တဲ့ဒီအလေ့ထဟာ တကယ့်ကို နှစ်လိုဖွယ်ရာပါပဲ… နောက်အလေ့အထတစ်ခုကတော့ ခြေထောက်သေးသေးလေးဖြစ်နေမှလှတာဆိုတဲ့အယူပါပဲ… ခုခေတ်ထိကိုတရုတ်အဖွားကြီးတစ်ချို့ဟာ အဲ့ဒီအယူအဆကိုကိုယုံကြည်နေတုန်းပါပဲ… ခြေထောက်သေးမှလှပြီး အိမ်ထောင်ဘက်ကောင်းတွေ့မယ်လို့ယုံကြည်လို့ ကလေးမလေးနုနုနယ်နယ်လေးတွေရဲ့ခြေထောက်ကိုကြပ်စည်းကြသတဲ့… ဒီဘက်ခေတ်အမြင်နဲ့ကြည့်ရင်တော့ တော်တော်ကိုးလို့ကန့်လန့်နိုင်ပါတယ်.. ဒီဇာတ်လမ်းလေးထဲက နှင်းပန်းလေးနဲ့ လီလီလေးတို့ဟာ အဲ့ဓလေ့နှစ်ခုနဲ့ဆုံစည်းခဲ့ကြတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့… ဒီကားထဲမှာ ဘဝကြီးကဘယ်လောက်ဆန်းကြယ်တယ် အလှည့်အပြောင်းအချိုးအကွေ့တွေဘယ်လောက်တောင်ပေါများတယ်ဆိုတာရယ် ချစ်ခြင်းမေတ္တာတရားရဲ့ခိုင်မာပုံတွေရယ်ကို ၁၉ရာစုခေတ် ၂၁ရာစုခေတ် ခေတ်နှစ်ခေတ်နဲ့ကိုကြည့်ရမှာပါ ရှေးခေတ်နဲ့ဒီခေတ်ကြားထဲမှာ ချစ်ခြင်းမေတ္တာတွေကူးယှက်နေဆဲ ချစ်သူရည်းစားချစ်ခြင်းတွေထပ်ခိုင်မြဲနေတဲ့ မိန်းကလေးနှစ်ယောက်ကြားကချစ်ခြင်းကိုတွေ့ရမှာပါ…ဗဟုသုတတွေလည်းရသလို ဇာတ်လမ်းကလည်းဆွဲဆောင်မှုရှိပါတယ်…တရုတ်ကားဆိုပေမယ့် My love from the star ကားနဲ့နာမည်မတရားကြီးခဲ့တဲ့ ကိုရီးယားမင်းသမီး ဂျန်ဂျီဟွန်း ပါပါတယ် ….. ပြီးတော့ တရုတ်မင်းသမီးထဲမှာ လူတိုင်းသိတဲ့ ဘင်းဘင်းပါပါတယ် ဝါရင့်သဘာရင့်၂ယောက်ရဲ့ပေါင်းစည်းမှုပါ..ခံစားကြည့်ကြပါဦး…. အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့Thinzar Htet ပဲဖြစ်ပါတယ်