-
Movie Name
-
Taxiwaala (2018)
-
Year
-
2018
-
Generes
-
Comedy, Horror
-
Code
-
03414
-
Type
-
Movie
-
Size
-
950 MB
-
Country
-
Bollywood
-
Description
-
IMDb Rating :: :: 7.5/10 Google Users :: :: 95%ဒီကားလေးက တမီးလ်နာဒူးပြည်နယ်ကမင်းသားချော ဗီဂျေးရဲ့ 2018 မှာ ထွက်ခဲ့တဲ့ ကားကောင်းတွေထဲက တစ်ကားပါ။ပထမ ရုံမတင်ခင် အွန်လိုင်းပေါ် ပျံ့သွားခဲ့ဖူးဖူးပေမဲ့ခုချိန်မှ စာအမှန်တက်လာခဲ့တာပါ။ဇာတ်ကားနာမည်က Taxiwala ။ ဟုတ်တယ်။နာမည်အတိုင်းပဲ တက္ကစီမောင်းသမားတစ်ယောက်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုအကြောင်းကို ရိုက်ပြထားတာ။ ဘာတွေထူးခြားလဲ။ ဟုတ်ကဲ့. . .ခေါင်းဆောင်မင်းသားကArjun Reddy တို့ Getha Govinda တို့မှာ သရုပ်ဆောင်တဲ့ နောက်တက်မင်းသား Vijay Deverakonda(ဗီဂျေး ဒီဗာရာကွန်ဒါ) ပါ။အရှေ့မှာထွက်ခဲ့ဖူးတဲ့ အဲ့ဒီနှစ်ကားကိုခံစားဖူးသူတွေက မင်းသားဗီဂျေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်မယ်မထင်ပါဘူး။ပုံမှန် အလုပ်လက်မဲ့ ကောင်လေးတစ်ယောက် ဘဝကနေ ဦးလေးဖြစ်သူ အကူအညီနဲ့ ရရာအလုပ်ကိုဝင်လုပ်ရင်းဘယ်လိုမှ အဆင်မပြေတဲ့အချိန်ကြော်ငြာဘုတ်တစ်ခုပေါ်ကတွေ့တဲ့လစာကောင်း တက္ကစီဒရိုင်ဘာဘဝကိုရောက်ခဲ့ရသူပေါ့။တက္ကစီမောင်းရင်းနဲ့ အာနူးဆိုတဲ့မိန်းမချောလေးနဲ့လည်း မေတ္တာသက်ဝင်မိကြသေး။ဒီအကြောင်းတွေကို ဇာတ်ကားရဲ့ပထမပိုင်း နာရီဝက်စာလောက်မှာ ကြည့်ရမှာပါ။ဒီနေရာလောက်အထိ အချစ်ကားလို့ ထင်မိသွားတယ်။ဒါပေမယ့် တက်တက်စင်အောင် လွဲပါတယ်။သူအငှါးမောင်းတဲ့ ကားကတစ်ခါတစ်လေ သရဲခြောက်သလိုထူးခြားဖြစ်စဉ်တွေ ဖြစ်လာတယ်ဒါဖြင့် သရဲကားလား။ မဟုတ်ပြန်ဘူး ခင်ဗျ။သရဲကားဆိုရင် ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေကို ခေါ်မယ်။ ကားမှာစွဲကပ်နေတဲ့ သရဲတစ္ဆေကို မောင်းထုတ်မယ်။ဇာတ်သိမ်းမယ်။ဒီလိုဇာတ်လမ်းတွေက ရိုးအီလာလို့ ထင်ပါရဲ့။တစ်နာရီနောက်ပိုင်းလည်း ရောက်ရော. . .ဇာတ်လမ်းက ဖြတ်ကနဲ့ သိပ္ပံနယ်လွန်ဘက်ကို ကူးပြောင်းသွားပြန်ရော. . .။ဝိညာဉ်ခွဲ(အရပ်အခေါ် လိပ်ပြာခွဲ)တာတွေ၊ သိပ္ပံနည်းကျ ကောက်နှုတ်ချက်တွေ၊သဘာဝအလွန်က အဖြစ်အပျက်တွေကမူရင်း ဇာတ်လမ်းကျောရိုးထဲကိုခုန်ပေါက် ကဆုန်စိုင်းပြီး ဝင်လာတယ်။ဟိုတစ်စ ဒီတစ်စ ဆက်စပ်မရသလိုမျိုးမဟုတ်ဘူးနော်။မထင်မှတ်တဲ့ ဇာတ်လမ်းအလှည့်မပြောင်းကြောင့် မူလဘူတ ဦးတည်လာတဲ့ဇာတ်လမ်းကျောရိုးကနေဖြောင့်ဖြောင့်ကြီး ခွဲထွက်ပြသွားတာ။ဇာတ်ကားဟာ ကြောက်မက်ဖွယ်၊ သည်းထိတ်ရင်ဖိုနဲ့ဟာသလေးတွေလည်း နှောထားတဲ့အတွက်ကြည့်ရှုရတာ ပျင်းမနေစေပါဘူး။မင်းသားနဲ့အတူ ဇာတ်လမ်းကို ပိုလှရှိစေဖို့အားဖြည့်ထားတာကတော့ မင်းသမီးချော ပရီယန်ကာပါ။(ဘောလိဝုဒ်က ပရီယန်ကာမဟုတ်ပါ)