-
Movie Name
-
A Witness Out Of The Blue (2019)
-
Year
-
2019
-
Generes
-
Crime, Thriller
-
Code
-
03423
-
Type
-
Movie
-
Size
-
903 MB
-
Country
-
China
-
Description
-
ဒီဇာတ်ကားလေးကတော့ အက်ရှင်ကားလေးဖြစ်ပြီးတော့ ကျွန်တော်တို့မျက်မှန်းတန်းပြီးသားမင်းသား မင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ Ip man 3/ linewalker 1ထဲကမင်းသားဖြစ်တဲ့Kai-Chung Cheung နဲ့ line walker 2 ထဲက မင်းသားLouis kooတို့က မင်းသား ဗီလိန်အဖြစ် တစ်ဖက်တစ်ချက်ဆီမှာ သရုပ်ဆောင်ထားတာပါ။ စုံထောက်ကားတော့ဟုတ်ပေမဲ့လို့ မထင်ထားတဲ့ ဇာတ်ကားရဲ့လှည့်ကွက်တွေများနေတော့ ဇာတ်ကားကနောက်ဆုံးအဆုံးသတ်မှသာ ဘယ်သူဟာ လူကောင်း လူဆိုးကွဲပြားသွားတာပါ။ ဇာတ်ကားအညွန်းအနေနဲ့ကတော့….. ဝုန် ဆိုသောသူရဲ့ ဂိုဏ်းတစ်ခုဟာ ရတနာပစ္စည်းဆိုင်တစ်ခုကို ဖောက်ပြီးနောက် ထွက်ပြေးပုန်းရှောင်နေပါတယ်။ ရတနာပစ္စည်းဆိုင်လုယက်မှုမှာ သေဆုံးသူ ၄ ဦးရှိခဲ့ပြီး ရဲတစ်ဦးလည်းပါဝင်ခဲ့ပါတယ်။ သုံးလ ကြာပြီးနောက် သူ့ရဲ့ဂိုဏ်းထဲက သူတစ်ဦးဟာ အသတ်ခံလိုက်ရပြီးတော့ ရတနာပစ္စည်းတွေလည်း ပျောက်ဆုံးသွားပါတော့တယ်။ ထိုအချိန်မှာဝုန်အနေနဲ့ပြန်လည် ရောက်ရှိလာပြီးနောက် သူ့ရဲ့ဂိုဏ်းသားအသတ်ခံရမှုအတွက်အပူတပြင်းစုံစမ်းနေပါတော့တယ်။ တစ်ဘက်မှာလည်း ရဲတွေအထင်ကတော့ ဒါက ဝေစုကြောင့်သတ်တယ်လို့မြင်ပြီးတော့ ဝုန်ကို လိုက်လံဖမ်းဖို့ လုပ်ဆောင်နေပါတော့တယ်။ တဖြည်းဖြည်း ဝုန်ရဲ့လူ တွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးအပြီးမှာ…. လူသတ်တရားခံက ဘယ်သူဖြစ်မလဲ…. ရတနာဆိုင်လုယက်မှုတုန်းက နစ်နာခဲ့သူတစ်ယောက်လား…… သေခဲ့တဲ့ ရဲရဲ့ မိသားစု အသိုင်းအဝိုင်းလား….. ဇာတ်ကားနာမည်မှာပါတဲ့ မထင်မှတ်ထားသော သက်သေဆိုတာက……