Movie Name
22 Chaser (2018)
Year
2018
Generes
Crime
Code
03426
Type
Movie
Size
820 MB
Country
Hollywood
Description
အမေရိကန်ရှိ ကားကရိန်းဆွဲသူများဘဝကို ရိုက်ကူးတင်ပြထားသော ဘဝသရုပ်ဖော်ဇာတ်ကားတစ်ကားဖြစ် သည်။ ဇာတ်အိမ်ကို အမေရိကန် မြို့လေးတစ်မြို့တွင်ဖွဲ့တည်ထားပြီး အဓိကဇာတ်ကောင်ဖြစ်သူ ဆွဲကားမောင်း သမား ဘင် မှာ အေဗရီဆိုသည့်ဇနီးနှင့် ဇက်ဆိုသည့် သားလေးတစ်ဦးရှိသည်။ ဘင်သည် အထက်တန်းအထိ ကျောင်းနေခဲ့သူဖြစ်၍ အလုပ်လုပ်ရာတွင် စည်းကမ်းနှင့်အညီလုပ်ဆောင်တတ်သူဖြစ်ရာ သူ့ကိုဆွဲကားမောင်းသူ အချင်းချင်းက ဘိုင်လော(By law)ဟုလည်းခေါ်ကြသည်။ အထက်တန်းကျောင်းသား ကျောင်းသူဘဝ အိမ်ထောင် ကျသူများလည်းဖြစ် ကလေးတစ်ယောက်လည်းစောစီးစွာရ ယောက္ခမအိမ်မှလည်းခွဲထွက်၍ တစ်မြို့တစ်ရွာ ပြောင်းရွှေ့ကာ နေထိုင်ကြရသဖြင့် သူတို့မိသားစုသည်ဆင်းရဲသည် ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရသည်။ ဘင်မှာလည်း စည်း ကမ်းတကျကားဆွဲသူဖြစ်၍ အခြားသူတွေလောက် ငွေကြေးမရရှိပဲ ဘဝကိုခက်ခဲကြပ်တည်းစွာ ရုန်းကန်နေထိုင် ကြရသည်။ ဇနီးဖြစ်သူ အေဗရီမှာလည်း ကော်ဖီဆိုင်တစ်ဆိုင်တွင် ဝင်ရောက်လုပ်ကိုင်ရင်း ခက်ခဲသောရက်များ တွင် မြို့ထဲရှိ အစားအသောက်လှူဒါန်းသည့်စင်တာ(Food Bank)လိုနေရာမျိုးတွင် သွားရောက်တန်းစီ၍ ဆန်၊ ပဲ၊ အာလူး တို့ကိုယူငင်စားသောက်ရသည့်ရက်များလည်းလည်းရှိသည်။ ထိုသို့ကြပ်တည်းဆင်းရဲစွာ နေထိုင်နေရာမှ ဘင်အလုပ်လုပ်သော ကားဆွဲသည့်လုပ်ငန်းအလုပ်ရှင်မှ ရဲများထံမှ ကားဆွဲသည့် ကန်ထရိုက်လေလံအောင်မြင် သဖြင့် ဘင်တို့လိုကားမောင်းသူများမှ လေလံကြေးများအစုစပ်ပုံစံ အချိုးကျထည့်ဝင်မှ ကားပေးမောင်းမည်ဆို သောအခါ…..သားဖြစ်သူ ဇက်မှာလည်း သူများစက်ဘီး ကပ်စီးသည့်ကိစ္စဖြင့် ခဏခဏရန်ဖြစ်ပေါက်ပြဲ၍ ပြန်လာ နေသဖြင့် မွေးနေ့တွင် ဒေါ်လာ ၃၀၀ တန်စက်ဘီးဝယ်ပေးမည်ဟု ဂတိပေးထားသည့်အခါ….လူငယ်အိမ်ထောင် သည်မိသားစုမှ ဆင်းရဲဒုက္ခများကို ခါးစည်းရင်ဆိုင်ကျော်ဖြတ်ရပုံများကို ခံစားမှုရသစုံစွာဖြင့် ရိုက်ကူးတင်ပြထား သည့် ဘဝသရုပ်ဖော် ဇာတ်ကားတစ်ကားဖြစ်သည်…