Movie Name
Gosnell The Trial Of Americas Biggest Serial Killer (2019)
Year
2019
Generes
Crime
Code
03433
Type
Movie
Size
751 MB
Country
Hollywood
Description
ဒီဇာတ်ကားကတော့ ဇာတ်ကားနာမည်ကြည့်တာနဲ့ တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတယ်ဆိုတာကို သိနိုင်ပါတယ်။ ဇာတ်ကားရဲ့နာမည်ကမှာ သုံးထားတဲ့ အမေရိကန်နိုင်ငံရဲ့အကြီးမားဆုံးကွင်းဆက်လူသတ်သမား ဆိုတာ Kermit Gosnell လို့ခေါ်တဲ့ ဆရာဝန်ပါ။ ဆရာဝန်ဆိုပေမယ့် ရိုးရိုးဆရာဝန်မဟုတ်ပါဘူး၊ ကိုယ်ဝန်ဖျက်ချပေးတဲ့ဆရာဝန်ပါ။ ကိုယ်ဝန်ဖျက်ချပေးတာဟာ ကျွန်တော်တို့နိုင်ငံမှာ တရားမဝင်ပေမယ့် အမေရိကန်နိုင်ငံမှာတော့ တရားဝင်ပြုလုပ်ခွင့်ပေးထားတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ တရားဝင်ဆိုပေမယ့် ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကတော့ တင်းကျပ်ပါတယ်။ Kermit Gosnell ကတော့ အဲဒီစည်းမျဉ်းတွေကို လိုက်နာခြင်းမရှိခဲ့ပါဘူး။ကိုယ်ဝန်ဆောင်ကာလခြောက်လကျော်ရင် ဖျက်ချပေးခွင့်မရှိတာကို ဖျက်ချပေးတယ်။ သတ်မှတ်ဦးရေထက်ပိုပြီး လက်ခံပေးတယ်။ ဖျက်ချတဲ့နေရာမှာလည်း ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်တွေကို လိုက်နာခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် သူ့ဆေးခန်းကသူနာပြုတွေကလည်း အတွေ့အကြုံမရှိတဲ့သူတွေ၊ စနစ်တကျလေ့လာသင်ယူမှုမရှိခဲ့တဲ့သူတွေချည်းပါပဲ။Kermit Gosnell ဆိုတဲ့ဆရာဝန်ကို ရဲတွေသံသယစရှိတဲ့အမှုက မူးယစ်ဆေးဝါးမှုပါ။ မူးယစ်ဆေးဝါးမှုနဲ့လိုက်ရင်း သူ့ဆေးခန်းမှာ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ဖူးတဲ့အကြောင်းကို သိရှိသွားတဲ့အခါမှာတော့ Philadelphia ရဲတပ်ဖွဲ့စုံထောက် James Wood ဟာ လူသတ်မှုဖြစ်နေနိုင်တယ်လို့ သံသယရှိသွားတဲ့အတွက် ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုစုံစမ်းစစ်ဆေးရင်းနဲ့ပဲ သူကျူးလွန်ခဲ့တဲ့အမှုတွေဟာ မီးခိုးကြွက်လျှောက်ပေါ်လာပါတော့တယ်။ Kermit Gosnell ကျူးလွန်ခဲ့တဲ့အမှုဆိုတာကတော့ ကိုယ်ဝန်ဖျက်ချတဲ့နေရာမှာချမှတ်ထားတဲ့ တရားဝင်စည်းမျဉ်းတွေကို မလိုက်နာဘဲ သန္ဓေသားကိုအရင်ဖွားအောင်လုပ် မိခင်ဝမ်းရဲ့အပြင်ကိုရောက်လာမှ ရက်ရက်စက်စက်သတ်ပစ်တာပါပဲ။ Gosnell ရဲ့ရက်စက်ကြမ်းကြုပ်မှုတွေကို မခံနိုင်တဲ့ ခရိုင်ရှေ့နေ Alexis McGuire ဟာ အဲဒီမှာပဲGosnell ကိုတရားရုံးတင်ပြီး တရားစွဲဆိုဖို့ကြိုးစားပါတော့တယ်။ ဒီလိုတရားစွဲရတဲ့ကိစ္စဟာ လုံးဝမလွယ်ကူခဲ့ပါဘူး။ အကယ်၍တရားခွင်မှာ သူရှုံးနိမ့်သွားခဲ့ရင် Gosnell ဟာလူမည်းဖြစ်နေတဲ့အတွက် သူ့ကိုလူမျိုးရေးခွဲခြားသူလို့တံဆိပ်နှိပ်ခံရမယ့်အပြင် အလုပ်ပါပြုတ်သွားနိုင်တဲ့အခြေအနေရှိပါတယ်။ သို့ပေမယ့် ရှေ့နေ Alexis McGuire ဟာ တရားမျှတမှုအတွက် အရာအားလုံးကိုစွန့်စားပြီး ရဲရဲဝင့်ဝင့်တရားရင်ဆိုင်ခဲ့ပါတယ်။တရားရုံးမှာ စွဲချက်တင်ဖို့ကြိုးပမ်းပုံတွေကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ပြီးကြည့်ရှုလိုက်ကြပါ။