-
Movie Name
-
State Of Play (2009)
-
Year
-
2009
-
Generes
-
Crime
-
Code
-
03443
-
Type
-
Movie
-
Size
-
371 MB
-
Country
-
Hollywood
-
Description
-
State of Play(2009)IMDb….7.1,,,,Rotten….84%မိုးတဖွဲဖွဲကျပြီးတိတ်ဆိတ်နေတဲ့ Washington DCမြို့ရဲ့ ညတစ်ညမှာ လူတစ်ယောက်ကြောက်လန့်တကြားပြေးလွှားနေတယ်…..ညဟာအေးစက်နေပေမယ့် သူ့မျက်နှာပေါ်မှာ ချွေးစေးတွေပျံနှံနေသလိုသူ့ဟန်မှာကြောက်လန့်နေပုံအထင်းသားပေါ်လွင်နေတယ်…သူပြေးလွှားပုန်းအောင်းနေပေမယ့် နောက်ယောင်ခံလိုက်လာတဲ့သူတွေ့ရှိသွားကာ ပစ္စတိုဖြင့်(၂)ချက်ဆင့်ပစ်ချခြင်းခံလိုက်ရသည်….ပီဇာပို့သည့်လူငယ်တစ်ယောက်ဟာလည်း တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွားရာနေရာကိုဖြတ်သွားမိသည်..နောက်ယောင်ခံလိုက်လာသည့် လူမှာ ပီဇာပို့သမားဆီသို့ သက်သေဖျောက်သည့်အနေဖြင့် ဆက်လက်ပစ်ခတ်လိုက်သည်…နောက်တစ်နေ့မနက်တွင် ကောင်မလေးတစ်ယောက် ဘူတာရုံတွင် Suicide လုပ်ခဲ့သည်…ပြောရရင်(၂)ရက်အတွင်း အလောင်း(၃)လောင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်…ဒီ Suicide လုပ်သည့်အမျိုးသမီးမှာ လွှတ်တော်အမတ်တစ်ယောက်၏ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်…..လွှတ်တော်အမတ်၏စေခိုင်းမှုကြောင့် ဒီအမျိုးသမီးမှာ အစိုးရ လက်နက်ကုမ္ပဏီတစ်ခုကိစ္စကိုစုံစမ်းနေခြင်းဖြစ်သည်..မှုခင်းဖြစ်စဉ်အရ Suicide ဟုပြောဆိုနေပေမယ့် လက်နက်ကိစ္စစုံစမ်းခြင်းကြောင့်အသတ်ခံရတာလားဟုဆိုသောမေးခွန်းတွေကလည်းတစ်ပြုံတစ်ပင်ပင်ဖြစ်သည်..ဒီဇာတ်ကားဟာ နိုင်ငံရေးပါဝင်တဲ့ Thriller ကားကောင်းတစ်ကားပါ…လွှတ်တော်အမတ်အဖြစ် Ben Affleck ကသရုပ်ဆောင်ထားပြီးသူ့ရဲ့ယုံကြည်ရတဲ့ သတင်းထောက်သူငယ်ချင်းအဖြစ် Russell Crowe ကြီးကသရုပ်ဆောင်ထားပါတယ်…..အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့Rachel McAdams ,Helen Mirren , Robin Wright တို့လည်း ပါဝင်ထားလေတယ်…ကိုင်း ဘာကြောင့်လူတွေအသတ်ခံရလဲ ….လွှတ်တော်အမတ်ရဲ့ ဝန်ထမ်းအမျိုးသမီးကရောတကယ်ပဲ Suicide လုပ်ခဲ့တာလား…နောက်ကွယ်က ပြသနာတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့သတင်းထောက်ကြီး Russell Crowe နဲ့အတူ နိုင်ငံရေးလောကထဲကအရှုတ်တွေကို ဝင်ရောက်စုံစမ်းထောက်လှမ်းကြည့်ရအောင်…