Movie Name
WIDOWS (2018)
Year
2018
Generes
Crime, Thriller
Code
03452
Type
Movie
Size
1.07 GB
Country
Hollywood
Description
2018 ထွက် Widows ဆိုတဲ့ စိတ်လှုပ်ရှား အံ့အားသင့်စရာ ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်…IMDb -7.2 Rottem Tomatoes 91% စတဲ့ အကောင်းစား Rating ကြီးတွေရထားလေတော့ ကားကောင်းနဲ့ ဒေါင်းကြည့်ဖို့တော့ပြောစရာလိုမယ်မထင်ဘူး…သို့ပေမယ့် ဇာတ်လမ်းအကြောင်းအနည်းငယ်တော့လိုအပ်မယ်ထင်လို့ပြောပါရစေ…. ဒုစရိုက်လုပ်ငန်းတွေကို အာဏာရှင်တွေ ကျောထောက်နောက်ခံနဲ့ဆောင်ရွက်နေတဲ့ ဟယ်ရီ ရောလင်း (Liam Neeson)ဟာ လူမည်းလုပ်ငန်းရှင်တစ်ဦးထံက အမေရိကန်ဒေါ်လာ တစ်သန်းလုယူအပြီး အပြန်လမ်းမှာ ရဲတွေနဲ့ပက်ပင်းမိတာကြောင့် ပစ်ကြခတ်ကြရင်း သူအပါအဝင် နောက်လိုက်နှစ်ယောက်လည်း သေဆုံးသွားပါတော့တယ်…သူတို့နဲ့အတူ လုယူလာတဲ့ ဒေါ်လာ တစ်သန်းလည်း ကားပေါက်ကွဲ မီးလောင်တဲ့အထဲပါသွားပါတယ်… သေတဲ့လူတွေကသေသွားပြီဖြစ်ပေမယ့် ဒေါ်လာတစ်သန်းကိစ္စဟာ ကျန်ရစ်သူ ဟယ်ရီရဲ့မိန်းမ ဗရော်နီကာထံ ပြဿနာခေါင်းပုံကျလာပါတော့တယ်…အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက်ကြောင့် ဗရော်နီကာဟာ ပေါက်ကွဲမှုမှာသေဆုံးသွားသူတွေရဲ့ ဇနီးတွေထံဆက်သွယ်ပြီး မုဆိုးမသုံးယောက် ဒီပြဿနာကို ဘယ်လိုများဖြေရှင်းကြမလဲ……ဒုစရိုက်ဂိုဏ်းကြီးနဲ့မှ ပတ်သက်မိတော့ မိန်းမသားတွေအဖို့ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား…..အားနွဲ့တဲ့မိန်းမသားတွေလား ကျားသစ်မတွေလားဆိုတာကိုတော့ …..ခံစားကြည့်လိုက်ပါဦးဗျို့…