Movie Name
The Deal (2015)
Year
2015
Generes
Crime, Drama
Code
03455
Type
Movie
Size
995 MB
Country
Korea
Description
The Deal ကတော့ ၂၀၁၅ ထွက် Crime, Dramaဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDB Rating 6.3 ထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ Deal with the devil ဆိုတဲ့စကားလေးကြားဖူးကြလားမသိဘူး။ မကောင်းဆိုးရွားနဲ့အပေးအယူလုပ်တာကို ပြောတာပါ။ ဒီဇာတ်ကားထဲမှာ မကောင်းဆိုးရွားတစ်ကောင်ကို နှိမ်နင်းဖို့တခြားမကောင်းဆိုးရွားတစ်ကောင်နဲ့အပေးအယူလုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့လူတစ်ယောက်ကို တွေ့ရမှာပါ။ နားရှုပ်သွားလားမသိဘူး။ဇာတ်လမ်းအကျဉ်းလေးပြောပါမယ်။အဓိက ဇာတ်ဆောင်ဖြစ်တဲ့ စုံထောက် မင် ကအတွဲလိုက်လူသတ်သမားတစ်ယောက်ကို ဖမ်းမိချိန်မှာလူသတ်သမားနောက်ဆုံးသတ်သွားတဲ့သူက သူ့ရဲ့ညီမဖြစ်သူဖြစ်နေတာကို သိလိုက်ရပါတယ်။သူ့ကိုဖမ်းနိုင်ခဲ့ပေမယ့် သူ့ရင်ထဲက အပူမီးက မငြိမ်းနိုင်ခဲ့ပါဘူး။နောက်ထပ် သောကမီးတောက်နေရသူကတော့ယောက်ဖဖြစ်သူ ဆန်းဟွန်းပါ။ ဆန်းဟွန်းတစ်ယောက်လူသတ်သမားကိုသတ်ဖို့ ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲဒါကြောင့် ကိုယ့်ဘာသာကိုယ်သတ်သေပေမဲ့လည်းမအောင်မြင်တဲ့အချိန်မှာ လူသတ်သမားကိုသတ်ဖို့ တဖန်ပြန်ကြိုးစားခဲ့ပါတယ်။ သူပြန်ပြီးလက်စားချေနိုင်မှာလား။စုံထောက်ကြီးကရော ဘယ်နေရာက ပါဝင်နေမလဲ။စိတ်ဝင်စားစရာ စုံထောက်ကားလေးပါပဲ။