Movie Name
Blue Streak (1999)
Year
1999
Generes
Action, Crime
Code
03469
Type
Movie
Size
875 MB
Country
Hollywood
Description
Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ေ့ပြာရဦးမည်…ဒီကားက သာမန်ဟာသကားတွေနဲ့မတူ …မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင်ဉာဏ်ကလည်းကောင်းတယ်….ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း အမိုက်စား…Martin Lawrence ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်..သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်…ဒီကားကြည့်ပြီးရယ်နေတာကိုတစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီးနင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်…သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလိုခုလည်း ငါပျော်နေပါတယ်လို့ခပ်ပြုံးပြုံးလေးပြောမိတယ်….ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်….အရင်က အသည်းကွဲပြီးဘဝက စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ…စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်…ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်……..ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်….မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်…..Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်….သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး…တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်…သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်…စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်…..ထောင်ကထွက်လာတဲ့အချိန် ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့် တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်…….အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ…ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ …..ခံစားကြည့်လိုက်ပါ …..နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး…ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်…