Movie Name
Rebel Thief Who Stole The People
Year
2017
Generes
Drama, Historical, Romance
Code
SKR0014
Type
Series
Size
10.9 GB
Country
Korea
Description
Rebel: Thief Who Stole the People(2017) မြန်မာစာတန်းထိုး ၁ မှ ၃ဝ ထိအစအဆုံး မကြည့်ရသေးသူတွေအတွက် ကြည့်ဖူးသမျှ နန်းတွင်းဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားလောက်ကောင်းတာမတွေ့သေး ကိုးရီးယားသမိုင်း ဂျိုဆွန်းခေတ်က ကျော်ကြားသော သူခိုး (သို့) ချမ်းသာတဲ့သူတွေထံက ခိုးယူကာ ဆင်းရဲနွမ်းပါသူတွေကို ထောက်ပံ့ပေးတဲ့ အဖွဲ့ရဲ့ခေါင်းဆောင် ဟောင်ဂီဒုံဆိုသူအကြောင်း ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံဒရာမာစီးရီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟောင်ဂီဒုံဟာ အစေခံမျိုးနွယ် အာမိုဂေးရဲ့သားပါ။ မွေးကတည်းက ပါရမီထူးကဲမှုရှိခဲ့ပေမယ့် ဂျိုဆွန်းခေတ်မှာတော့ နိမ့်ကျတဲ့ အစေခံမျိုးနွယ်တယောက်အနေနဲ့ သူ့ဟာ ဘာအခွင့်အရေးမှ မရနိုင်တဲ့သူလည်းဖြစ်တယ်။ မွေးရာပါ ထူးကဲမှုကြောင့် သူငယ်စဉ်ဘ၀မှာပဲ မိသားစုဒုက္ခရင်ဆိုင်ရဖို့ဖြစ်လာပြီး မိခင်ဖြစ်သူက သေဆုံးခဲ့ရတယ်။ မိသားစုကို ကာကွယ်ဖို့ရာ အာမိုဂေးဟာ အစေခံနဲ့ အထက်တန်လွှာကြား ထိန်းချုပ်မှုများတဲ့ ဂျိုဆွန်းခေတ်မှာ အသက်နဲ့ရင်းခဲ့ရပြီး မှောင်ခိုဂိုဏ်ကြီးကို တည်ထောင်နိုင်ခဲ့တယ်။ ဟောင်ဂီဒုံတို့မောင်နှမတွေ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး အရွယ်ရောက်လာချိန်မှာပဲ အထက်တန်းလွှာတွေရဲ့ စနစ်အောက်မှာ ဖခင်ဖြစ်သူပါ ထပ်မံကွယ်လွန်ခဲ့ပြီး ဟောင်ဂီဒုံက မှောင်ခိုအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ အဆိုပါအနေအထားကနေမှ နိမ့်ကျတဲ့ အစေခံမိသားစုကနေ မွေးဖွားလာတဲ့ ဟောင်ဂီဒုံဟာ ပြည်သူတို့ရဲ့ နှလုံးအိမ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဂျိုဆွန်းသမိုင်းမှာ အဆိုးရွားဆုံးသော ဘုရင်ကို နန်းချနိုင်ဖို့ရာ အကျိုးသက်ရောက်ခဲ့တဲ့ ပထမဆုံးသော တော်လှန်သူလည်းဖြစ်လာခဲ့တယ်။ ဂျိုးဆွန်ဘုရင် ယွန်ဆန်ဂန်ဟာ အင်မတန်ဆိုးရွားတဲ့ဘုရင်ဖြစ်ပြီး လူတိုင်းကို မကောင်းဆိုးရွားလို့မြင်ကာ တော်၀င်အမိန့်ကို ချိုးဖောက်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်သတ်သူပါ။ လူသတ်ခြင်းကို ဝါသနာထုံတဲ့ ဘုရင်ဖြစ်ပြီး သူ့လက်ထက်မှာ ဂျိုဆွန်းတိုင်းပြည်က ရက်စက်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဘုရင်ယွန်ဆန်ဂန် နဲ့ တော်လှန်သူဟောင်ဂီဒုံ တို့ကြားမှာတော့ ရည်မှန်းချက်ကြီးတဲ့ မိန်းမလှလေးတွေ ပါ၀င်လာခဲ့ပြီး လွမ်းမောဖွယ်ရာ သမိုင်းဇာတ်အိမ်နောက်ခံထားတဲ့ ဒရာမာစီးရီးကို ကြည့်ရူ့ကြရမှာပါ။ Yoon Gyun-Sang, Kim Ji-Suk, Kim Sang-Joong, Lee Honey, Chae Soo-Bin တို့ အဓိကပါ၀င်ထားပါတယ်။ အညွန်းကို Movie HT page မှကူးယူဖော်ပြပါသည်.။