Movie Name
Der Hauptmann (2017) (The Captain)
Year
2017
Generes
Action
Code
03479
Type
Movie
Size
1 GB
Country
Hollywood
Description
The Captain (2017) ဒီဂျာမန်ကားလေးကတော့ 2017 ကထွက်ရှိလာတဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။Rating တွေအနေနဲ့လဲ Imdb Rating 7.4/10 Rotten Tomatoes 86 တောင်ရရှိထားတာပါ။ ဂျာမနီရုပ်ရှင်လောကမှာ Best Feature Film, Best Supporting Actor, Best Score, Best Editing စတဲ့ဆုလေးဆုလောက် ဆန်ကာတင်ဝင်ထားတဲ့ကားလေးပါ။အဖြူအမည်းနဲ့ရိုက်ထားတဲ့ ဒီကားလေးဟာ ဒုတိယကမ္ဘာစစ်က ပုံရိပ်တစ်ခုကိုပီပီပြင်ပြင်သရုပ်ဖော်ထားသလိုပါပဲ။စစ်ကားကြိုက်တဲ့ ပရိသတ်ကြီးအဖို့တော့ တော်တော်လေးအကြိုက်တွေ့မှာပါလို့ပြောချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းကိုလဲ တင်ပြပါဦးမယ်။စစ်ပွဲကြီးပြီးကာနီး နှစ်ပတ်အလိုမှာစစ်ပွဲကနေ စစ်သားတွေအများအပြားထွက်ပြေးကြပါတယ်။နောက်ကလိုက်ဖမ်းသူတွေ ထွက်ပြေးသူတွေ သုတ်သင်ပစ်သူတွေနဲ့ ငရဲပွက်နေချိန်မှာ တပ်သားလေးတစ်ဦးဟာ ဗိုလ်ကြီး ယူနီဖောင်းတစ်စုံကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။အဲဒီမှာ ဇာတ်လမ်းကစပါတော့တယ်။ဗိုလ်ကြီး ဟာရိုးဆိုတဲ့ နာမည်နဲ့ဗိုလ်ကြီးအယောင်ဆောင်ထားတဲ့ တပ်သားလေးဟာ ဘယ်လိုဆက်ရှင်သန်မလဲ?တပ်ပြေးမှန်းသိရင် ခြွင်းချက်မရှိ သတ်ပစ်မယ့်အခြေအနေတစ်ခုမှာ သူဘာဆက်လုပ်မလဲ?စတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားစွာကြည့်ရှူရမယ့်ကားကောင်းလေးပါ။စိတ်လှုပ်ရှားစရာ ဖြစ်ရပ်မှန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီး အတွက် The Captain (2017)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။