Movie Name
From Paris With Love (2010)
Year
2010
Generes
Action, Crime
Code
03490
Type
Movie
Size
862 MB
Country
Hollywood
Description
From Paris with Love (2010) ဒီဇာတ်ကားရဲ့နာမည် နဲ့ ပိုစတာကို ယှဉ်ကြည့်ပြီး Romance လား Drama လား Action လား ဇဝေဇဝါဖြစ်မိကြပါလိမ့်မယ် တကယ်တော့ ဒီဇာတ်ကားလေးဟာ Action ကြမ်းကြမ်းထဲ Drama လေး နည်းနည်းကဲထားတဲ့အပြင် လှည့်ကွက်ကလေးတွေနဲ့ပါ ထပ်ပေါင်းထားတာကြောင့် ရသစုံလင်တဲ့ ဇာတ်ကားလို့ ဆိုရမှာပါ ဒီဇာတ်ကားကို ကြည့်ဖူးသူတွေ အများကြီးရှိပါလိမ့်မယ် မြန်မာစာတန်းထိုးလေးနဲ့ ပြန်ကြည့်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ် Face Off မင်းသားကြီး ဂျွန်ထရာဗိုလ်တာ ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ပညာကို ဒီကားမှာ ထပ်မံမြင်တွေ့ကြရမှာပါ IMDb 6.2 ရရှိထားပါတယ် ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ချက်စ် ကစားသမား ဂျိမ်းစ်ရိစ် ဟာ အမှန်တကယ်တော့ အသေးစားလျို့ဝှက်တာဝန်များကို ထမ်းဆောင်နေတဲ့ စီအိုင်အေ အေးဂျင့်တစ်ဦး ဖြစ်ပါတယ် တစ်နေ့မှာတော့ ဂျိမ်းစ်ရိစ်ရဲ့တည်ငြိမ်အေးဆေးလှတဲ့နေ့ရက်တွေထဲ ချာလီဝက်စ် ဆိုတဲ့ ကောင်းဘွိုင်ဆန်ဆန် စီအိုင်အေ အေးဂျင့်တစ်ဦး ရောက်ရှိလာတဲ့အခါမှာတော့ တည်ငြိမ်နေတဲ့ရေကန်ထဲ ခဲပစ်ခံရသလို ဖြစ်လာပါတော့တယ် ဘာတာဝန်နဲ့မို့ ချာလီဝက်စ် ပဲရစ်အထိ ရောက်လာခဲ့တာလဲ………… အထက်အရာရှိတွေက ဘာ့ကြာင့်များ အသွင်မတူတဲ့ အေးဂျင့်နှစ်ဦးကို တွဲဖက်တာဝန်ထမ်းဆောင်စေခဲ့တာလဲ……….. ယင် နဲ့ ယန် ၊ Software နဲ့ Hardware ဒွန်တွဲနေတယ်ဆိုပေမယ့် ခံယူချက်ကွာခြားလွန်းလှတဲ့ ဒီအေးဂျင့်နှစ်ဦး အဆင်ပြေပြေ တွဲဖက်နိုင်ကြပါ့မလား…………. ကြည့်ရှုလိုက်ခံစားလိုက်ကြပါဦး(ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ ဇာတ်ကားတွေကိုကိုယ်တိုင်ခံစားပြီး အညွှန်းကောင်းကောင်းလေးတွေရေးပေးတတ်တဲ့ Naing Win Swe ပဲဖြစ်ပါတယ်…)