Movie Name
Hacker (2019 )
Year
2019
Generes
Action, Family
Code
03493
Type
Movie
Size
908 MB
Country
Hollywood
Description
ဒီတစ်ခါကား​လေးက​တော့အက်ရှင်ကား​ကောင်း​လေးတစ်ကားပါ အန်နာဝှစ်ခ်မန်းမှာဘန်ဂျမင်ဆိုတဲ့သား​လေးတစ်​ယောက်ရှိတယ် ဘန်ဂျမင်၆နှစ်သား​လောက်မှာ သူရဲ့မိခင်အန်နာဟာ ဇီးရက်စ်ဆိုတဲ့​ကွန်ပျူတာပရိုဂရမ်တစ်ခု​ကြောင့် လူ​​တွေသူမ​နောက်လိုက်လာရင်း တံတား​ပေါ်ကခုန်ချပြီး​သေဆုံးသွားခဲ့တယ် ဘန်ဂျမင်​လေးဟာ မိဘမဲ့​ဂေဟာမှာ​နေထိုင်ရင်းကြီးပြင်းခဲ့တယ် သူဟာ ဟက်ကာ​လေးတစ်​ယောက်ဖြစ်လာပြီး စာ​မေးပွဲ​မေးခွန်း​​တွေရဲ့ရလဒ်​တွေကိုဟက်​​ပေးပြီး ပိုက်ဆံရှာခဲ့တာ​ပေါ့ တစ်​နေ့မှာသူအ​မေအ​ကြောင်းကိုရှာ​ဖွေ​နေတဲ့အဖွဲ့အစည်းတစ်ခုက သူမလို့ထင်ရတဲ့အမျိုးသမီးတစ်​ယောက်ကိုရှာ​တွေ့ခဲ့တယ် အဲ့အဖွဲ့ဟာဘန်ဂျမင်ရဲ့​ကျောင်းကို​ရောက်လာခဲ့ပြီး သူ့ကိုအန်နာရဲ့အ​ကြောင်း​တွေစုံစမ်းခဲ့တယ် အဲ့အချိန်ကစပြီးဘန်ဂျမင်က သူ့ရဲ့မိခင်ဟာဘာ​ကြောင့်​သေဆုံးခဲ့တာလဲ ဘာ​ကြောင့်အခုလိုသူ့အ​မေအ​ကြောင်းကို လာစုံစမ်းတာလည်းဆိုတာလိုက်လံဖော်ထုတ်ခဲ့တာ​ပေါ့ ​နောက်ပိုင်းမှာသူဘာ​တွေရှာ​တွေ့ခဲ့လဲ ဘာ​တွေအခက်အခဲကြုံခဲ့လဲဆိုတာကြည့်ရှု့ရမှာပါ