Movie Name
Midway (1976)
Year
1976
Generes
Code
03511
Type
Movie
Size
1.19 GB
Country
Hollywood
Description
ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Old but Gold ဆိုတဲ့အတိုင်း 1976 က စစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နဲ့ ဂျပန် ရဲ့ပစိဖိတ်တိုက်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Midway တိုက်ပွဲအကြောင်းရိုက်ကူးထားတာပါ။ ဒီတိုက်ပွဲကတော့ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုအပြီး ခြောက်လအကြာမှာ Midway ကျွန်းကို ဂျပန်တွေတိုက်ခိုက်ဖို့ စီစဉ်ရာကနေ စတင်တာပါ။ ဒီတိုက်ပွဲမှာ ဂျပန်ရေတပ်က အင်အားသာနေပေမယ့် အမေရိကန်စစ်တပ်ဘက်က တိုက်ခိုက်မယ့်နေရာ အချိန်တွေကို ကြားဖြတ်နားထောင်ရင်း သိရှိလိုက်ရပါတယ်။ ဒါပေမယ့် ဂျပန်တွေက အာရုံပြောင်းချင်လို့ တမင်သတင်းပေးတာလား? တကယ်ပဲ သူတို့ရဲ့ရည်ရွယ်ရင်း အမှန်လား? ဆိုတာသေသေချာချာမသိရတဲ့ အခြေအနေတစ်ခုမှာ အမေရိကန်က ဘယ်လိုဆက်လက်စီစဉ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီတိုက်ပွဲဟာ အမေရိကန်နဲ့ ဂျပန်တို့အကြား အဆုံးအဖြတ်ပေးလိုက်တဲ့ တိုက်ပွဲလို့တောင်ဆိုကြပါတယ်။ လတ်တလော 2019 version ဇာတ်လမ်းလဲထွက်နေပြီမလို့ အခု1976က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းကို အရင်တင်ဆက်ပေးလိုက်ပါတယ်။ Imdb Rating 6.8/10 Rotten Tomatoes 47% ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့ Midway(1976)ပါ။