Movie Name
Reindeer Games (2000)
Year
2000
Generes
Action, Adventure
Code
03526
Type
Movie
Size
1.24 GB
Country
Hollywood
Description
ရူဒီဒွန်ကန်နဲ့ နစ်ခ်ဟာ တစ်ခန်းတည်း အတူကျနေသလို လွတ်ရက်ကလဲ နှစ်ရက်လောက်ပဲလိုတော့တဲ့ အခန်းဖော် အကျဉ်းသား သူငယ်ချင်းနှစ်ယောက်ပါ။ ထောင်ကနေလွတ်တဲ့အခါ ရူဒီက မွေးရပ်မြေကိုပြန်ပြီး သူ့အဖေနဲ့ ဘောလုံးပွဲကြည့် ခရစ်စမတ် ညစာစားဖို့ စိတ်ကူးယဉ်သလို နစ်ခ်ကလဲ သူနဲ့ လူချင်းမတွေ့ဖူးပဲ စာတွေနဲ့ပဲ ရင်းနှီးနေတဲ့ မိန်းမလှလေး အက်ရှ်လေနဲ့ တွေ့ဆုံ ဘဝခရီးဆက်ဖို့ မျှော်လင့်ထားပါတယ်။ သူ့အခန်းနံရံတွေပေါ်မှာလဲ အက်ရှ်လေ ပုံတွေချည်းပါပဲ။ တကယ်တမ်းထောင်ကလွတ်ဖို့ ရက်ပိုင်းအလိုမှာတော့ ထောင်တွင်းအကြမ်းဖက်မှုတစ်ခုမှာ ရူဒီကိုယ်စားဝင်ခံရင်း နစ်ခ် အသက်ဆုံးရှုံးခဲ့ရတယ်။ ရူဒီ ထောင်ကအထွက် နစ်ခ်ကိုလာကြိုနေတဲ့ အက်ရှ်လေ အလှမှာ မိန်းမောရာကနေ နစ်ခ်အယောင်ဆောင်ဝင်ရောမိပါတော့တယ်။ သူ ပျော်ရွှင်နေသေးလို့မဝခင်မှာပဲ လက်နက်ကိုင် လူတစ်စုက သူတို့တည်းခိုတဲ့အခန်းကို ဝင်စီးပြီး သူနဲ့အက်ရှ်လေကို ဖမ်းခေါ်သွားတဲ့အချိန်ကျမှ သိလိုက်ရတာက နစ်ခ်နဲ့ အက်ရှ်လေဟာ ထောင်ကလွတ်ရင် နစ်ခ် အရင်က အလုပ်လုပ်ဖူးတဲ့ ကတ်စီနို တစ်ခုကို ဝင်စီးဖို့ တိုင်ပင်ထားတယ်။ သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ အက်ရှ်လေ အစ်ကို ဖြစ်ပြီး ကတ်စီနိုကို ဝင်စီးတဲ့အခါကျရင် အဲ့ဒီနေရာကိုရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့ နစ်ခ်က ဦးဆောင်ဖို့ သဘောတူထားတယ်ဆိုတာပါ။ အဲ့ဒီအချိန်ကျမှ သူဟာ နစ်ခ်မဟုတ်ကြောင်း ဖွင့်ပြောပေမယ့် နောက်ကျသွားပါပြီ။ သူ့အသက်ကို ငဲ့ကွက်ရင်း နစ်ခ်အဖြစ် ဆက်ဟန်ဆောင်နေလိုက်ရပေမယ့် တကယ်တမ်း သူမရောက်ဖူးတဲ့နေရာတစ်ခုကို ဝင်လုယက်ဖို့ သူ ဘယ်လိုလမ်းပြမလဲ? သူကိုယ်တိုင်အတွေ့အကြုံမရှိတဲ့ လုယက်မှုကို ကျူးလွန်ဖို့ ဘယ်လိုဦးဆောင်မလဲ? နည်းနည်းလေးဆက်ပြောရင်တောင် spoiler ဖြစ်သွားရလောက်အောင် လှည့်ကွက်တွေအပြည့်နဲ့ဇာတ်လမ်းပါ။ ရူဒီတစ်ဖြစ်လဲ နစ်ခ်အဖြစ် ပရိသတ်အချစ်တော် Ben Affleck က သရုပ်ဆောင်ထားပြီး မိန်းမလှလေး အက်ရှ်လေအဖြစ် မမကြီး Charlize Theron ကဦးဆောင်ပါဝင်ထားပါတယ်။ Mad Max: Fury Road (2015) ထဲမှာကြမ်းကြမ်းတမ်းတမ်းပုံစံနဲ့ပါဝင်ထားတဲ့ Charlize Theron ကို ဒီကားထဲမှာ မမှတ်မိနိုင်စရာ နုနုငယ်ငယ် ကောင်မလေးတစ်ယောက်အဖြစ်တွေ့ရပါလိမ့်မယ်။