-
Movie Name
-
Segfault (2019)
-
Year
-
2019
-
Generes
-
Action
-
Code
-
03529
-
Type
-
Movie
-
Size
-
851 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားကို ဟိုးအရင်ကတည်းကဘယ်သူမှမရိုက်ကူးထားခဲ့တဲ့ ပုံစံသစ် စိတ်ကူးသစ်တစ်ခုနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်.. ဘယ်လိုပုံစံနဲ့လဲဆိုတော့ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်သူကို ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ဇာတ်ညွှန်းဇာတ်ကွက်တွေကို တစ်ခုမှအသိမပေး ဒိုင်ယာလော့ခ်စကားပြောတွေမရှိဘဲနဲ့ ဇာတ်ပို့တွေရဲ့အကူအညီနဲ့သာ ဘာကိုဘယ်လိုဆက်လုပ်မလဲဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခိုင်းပြီး ရှေ့ဆက်သွားရတဲ့ ပုံစံမျိုးပါ… ဇာတ်လမ်းရဲ့အစ အခန်းထဲကထိုင်ခုံပေါ်မှာမျက်လုံးစုံမှိတ်ခိုင်းထားပြီး.. စရိုက်ကူးပြီဆိုမှအဆင်သင့်ဖြစ်ပြီလားတစ်ချက်ပဲမေးလိုက်ပြီး ရိုက်ကူးပုံဖော်ထားတာပါ…သူမကိုအသိပေးထားဆိုလို့ အတိတ်မေ့နေတယ် ဆိုတာပါပဲ…ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတောင် သူမကိုယ်တိုင်မသိရဘဲ အဆုံးထိစိတ်လှုပ်ရှားဖွယ်စောင့်ကြည့်သွားရမှာပါ …ဇာတ်လမ်းထဲမှာတော့ သူမဟာနိုးနိုးချင်းဟိုတယ်အခန်းထဲမှာရောက်နေတယ်.. အဲ့အချိန်မှာ အခန်းထဲကဖုန်းဝင်လာပြီးသူမကို ဘယ်ကိုဆက်သွားပါ.. ဘယ်သူနဲ့မှမစကားမပြောပါနဲ့..ဘယ်သူတွေကိုရှောင်ပါစသည်ဖြင့်ပြောလာခဲ့ပါတော့တယ် အဲ့နောက်မှာတော့ ဘယ်သူ့ကိုယုံရမှာလဲ သူကိုယ်တိုင်ကရောဘယ်သူလဲ… သူ့ကိုဘယ်သူတွေကလိုချင်နေကြတာလဲဆိုတာကိုတော့…ဇာတ်လမ်းထဲကမင်းသမီးနဲ့အတူ စိတ်ဝင်စားစွာနဲ့စောင့်ကြည့်ရင်း….ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aungပဲဖြစ်ပါတယ်