Movie Name
Small Soldiers (1998)
Year
1998
Generes
Action, Adventure
Code
03535
Type
Movie
Size
1.15 GB
Country
Hollywood
Description
ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခုကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေးဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလိုအတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာကတမျိုးလေးဗျ Long Long ago Spiderman Triologyထဲကမင်းသမီးချောလေးပါတွေ့ရတော့ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲကခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။)