-
Movie Name
-
The Aeronauts (2019 )
-
Year
-
2019
-
Generes
-
Action, Adventure
-
Code
-
03543
-
Type
-
Movie
-
Size
-
944 MB
-
Country
-
Hollywood
-
Description
-
ထိုင်ကြည့်နေရုံနဲ့ကမ္ဘာ့ကြီးဟာပြောင်းလဲမလာပါဘူး၊ ကိုယ်နေထိုင်ဖို့ ရွေးချယ်လိုက်တဲ့ လမ်းကသာ ကမ္ဘာကြီးကိုပြောင်းလဲစေမှာပါ”တဲ့။ စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ သိပ္ပံပညာရှင် နက္ခတ္တဗေဒပညာရှင် ဂျိမ်းစ် ဂလီရှာဟာ ကောင်းကင်ကြီးရဲ့သဘောသဘာဝကိုသာ အပြည့်အဝနားလည်ရင် ရာသီဥတုကို ခန့်မှန်းနိုင်မှာ ဆိုတဲ့ ယုံကြည်ချက်နဲ့ လှောင်ရယ်သံတွေ အကြား စွန့်စားခရီးနှင်ခဲ့သူပါ။ သူတို့ခေတ်သူတို့အခါမှာ မိုးလေဝသကိုခန့်မှန်းမယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ အများသူငှာကယူဆကြပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ကတော့ ကောင်းကင်ကိုလေ့လာဖို့အတွက် မီးပုံးပျံစီးကာ ခရီးနှင်နေကြဖြစ်တဲ့ အမ်မလီရာဆိုတဲ့ မုဆိုးမလေးနဲ့ ကောင်းကင်ခရီးထွက်ဖို့စီစဉ်ပါတော့တယ်။ အမ်မလီရာကလဲ အကြောင်းကြောင်းကြောင့် မီးပုံးပျံထပ်မစီးတော့ဘူးလို့ ဆုံးဖြတ်ထားသူပါ။ တစ်နေ့တော့ သူတို့နှစ်ယောက်ပေါင်းကာ ကမ္ဘာ့အမြင့်ဆုံးဆိုတဲ့ စံချိန်ကိုချိုးဖို့ထွက်ခွာခဲ့ပါတော့တယ်။ အင်္ဂလိပ်လူမျိုးမိုးလေဝသပညာရှင် ဂျိမ်းစ်ဂလီရာအကြောင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်တွေက ပုံပြင်ထက်ပိုဆန်းကျယ်တယ်ဆိုတဲ့ အကြောင်းကိုသက်သေပြနေသလိုပါပဲ။ လူနှစ်ဦးရဲ့ရဲစွမ်းသတ္တိ၊စူးစမ်းရှာဖွေလိုစိတ်၊ဉာဏ်ပညာ၊အတိတ်၊ရည်ရွယ်ချက် စတာတွေကိုအကောင်းဆုံးပုံဖော်ပေးထားတဲ့ဒီကားလေးနာမည်ကတော့ The aeronauts(2019)ပါ။ Rotten Tomatoes 72%ရရှိထားပြီး Eddie Redmanye ကိုယ်တိုင် အကောင်းဆုံးသရုပ်ဆောင်ထားတာမလို့ ကောင်းတယ်ဆိုတာအထွေအထူးမညွှန်းတော့ပဲနဲ့ Channel Myanmar ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။