-
Movie Name
-
Crown Princess (အိမ်ရှေ့စံမင်းသမီး)
-
Year
-
2018
-
Generes
-
Action, Drama, Romance
-
Code
-
ST0067
-
Type
-
Series
-
Size
-
GB
-
Country
-
Thai
-
Description
-
အခုတစ်ခါတင်ဆက်ပေးမှာကတော့ အိမ်ရှေ့စံမင်းသမီး လို့အမည်ရတဲ့ ဇာတ်လမ်းတွဲလေးပါ ဇာတ်လမ်းလေးရဲ့ခေါင်းစဉ်အတိုင်း အိမ်ရှေ့စံမင်းသမီး Alice နဲ့ ကိုယ်ရံတော် Davin တို့ရဲ့ကြား ဖြစ်တည်လာတဲ့အချစ်ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာပါ အိမ်ရှေ့စံမင်းသမီး (Likit Ruk) လို့အမည်ရတဲ့ ဇာတ်လမ်းတွဲကို ထိုင်းရုပ်သံလိုင်း Ch 3 မှာ May 14th ရက်နေ့ကစပြီး အပတ်စဉ် တနင်္လာနဲ့ အဂါၤ နေ့များမှာ စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ် အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ မြန်မာပရိတ်သတ်တွေသိနှင့်ပြီးသားလည်းဖြစ် လိုက်ဖက်လည်းညီလှတဲ့ Nadech & Yaya တို့ပဲဖြစ်ပါတယ် Main Cast: အိမ်ရှေ့စံမင်းသမီး Alice Madeline Tereza Filippe အဖြစ် Yaya ကိုယ်ရံတော်တပ်မှူး Davin Samuthyakorn အဖြစ် Nadech ဇာတ်လမ်းလေးကတော့ဒီလိုပါ ~ Hrysos တိုင်းပြည်ရဲ့ ဘုရင်ကြီးမှာ သားတော်နှစ်ပါးရှိသတဲ့... Alice မင်းသမီးလေးရဲ့ ဖခင်ကတော့ သားအငယ်ပေါ့နော် Alice မင်းသမီးလေးရဲ့ မိခင်က သူမကိုလူ့လောကထဲပို့ဆောင်ပြီးတာနဲ့ အသက်ဆုံးပါးသွားခဲ့ရတယ်လေ အဲ့သည့်လိုနဲ့ Alice ရဲ့အဖေက နောက်အိမ်ထောင်ပြုခဲ့ပါတယ် အဲ့ဒီ့အတောအတွင်းမှာပဲ Alice ရဲ့ မိထွေး ဖြစ်တဲ့ Mona မင်းသမီးဟာ Alice ရဲ့ ဘကြီးတော် Andre မင်းသားကြီးနဲ့ ဖောက်ပြန်နေခဲ့လေရဲ့ Alice ရဲ့ ဖခင် မင်းသားကြီးမှာ သည်အကြောင်းအရာကိုသိပြီးတော့ အသက်ဆုံးပါးသွားတဲ့ထိကို နာကျင်ခံစားခဲ့ရရှာတယ်လေ Alice ရဲ့ အဘိုးတော် Henry မင်းကြီးကလည်း သည်အကြောင်းအရာကိုသိမြင်သွားပြီးတော့ Andre မင်းသားကြီးကို ထီးနန်းအမွေမပေးအပ်ချင်ခဲ့ပါဘူး အဲ့သည်လိုနဲ့ Alice က Hrysos တိုင်းပြည်ရဲ့ ထီးနန်းအမွေကိုဆက်ခံမဲ့ အိမ်ရှေ့စံမင်းသမီးလေးဖြစ်လာခဲ့ပါတယ် တစ်ဖက်မှာလည်း Andre မင်းသားကြီးက သူ့ရဲ့ညီတော် ဆုံးပါးသွားပြီးနောက် Mona မင်းသမီးနဲ့ ထပ်ပြီး လက်ဆက်ခဲ့ပါတယ် Andre မင်းသားကြီးမှာ Catherine William Ann Filippe (Kate) လို့ အမည်ရတဲ့ သမီးတော်နဲ့ Alan လို့ အမည်ရတဲ့သားတော် တစ်ပါးထွန်းကားခဲ့တယ် Alan မင်းသားကတော့ Andre မင်းသားကြီးနဲ့ Mona မင်းသမီးတို့ရခဲ့တဲ့ သားတော်ပေါ့နော် Kate မင်းသမီးနဲ့ Alan မင်းသား အဖေတူအမေကွဲမောင်နှမနှစ်ယောက်က Alice မင်းသမီးရဲ့ ငယ်ဘဝကစားဖော်ကစားဖက်တွေဖြစ်ခဲ့ကြတယ် သို့ပေမဲ့ Andre မင်းသားကြီး ထီးနန်းအမွေဆက်ခံခွင့် မရသည့်အရေးကိစ္စကြောင့် Alan မင်းသားနဲ့ သူ့ရဲ့မိခင် Mona မင်းသမီးတို့က Alice မင်းသမီးအပေါ်မုန်းတီးနေကြလေရဲ့ Andre မင်းသားကြီးနဲ့ Mona မင်းသမီးတို့က အခွင့်ကြုံတိုင်း Alice မင်းသမီးကိုလုပ်ကြံသတ်ဖြတ်စေကြတော့တာပေါ့ "လူသားတစ်ယောက်အတွက် ဘုရားသခင်က ဖန်ဆင်းပေးထားတဲ့ ကံတရားကို ဘယ်အရာကမှဖျောက်ဖျက်ပစ်လို့မရနိုင်ဘူး"တဲ့ မိုးကောင်းကင်ပမာမြင့်မားတဲ့ Alice မင်းသမီးလေးနဲ့ တောင်တန်းကြီးပမာခိုင်ခံ့တဲ့ ကိုယ်ရံတော် တပ်မှူး Davin တို့က တစ်ချိန်ချိန်မှာတွေ့ဆုံကြဖို့ ရေစက်ပါလာသတဲ့ ဘကြီးတော် Andre မင်းသားနဲ့ မိထွေးတော်ဖြစ်ဖူးတဲ့ Mona မင်းသမီးတို့ရဲ့ လက်ချက်ကြောင့် အသက်အန္တာရာယ် ကျရောက်လုနီးဖြစ်နေတဲ့ Alice မင်းသမီးကို ကိုယ်ရံတော်တပ်မှူး Davin ကကံတရားတိုက်ဆိုက်စွာနဲ့ပဲ ပထမတစ်ကြိမ် ကယ်တင်ပေးခဲ့ပါတယ် ဒုတိယတစ်ကြိမ်မှာတော့ Alice မင်းသမီးက အသက်လုပြီးထွက်ပြေးရင် ကျွန်းတစ်ကျွန်းပေါ်မြောပါသွားခဲ့တယ် အဲ့ဒီ့ကျွန်းပေါ်မှာ Davin က ခွင့်ရက်ရတုန်း အပန်းဖြေဖို့ရောက်ရှိနေခဲ့တာလေ Alice မင်းသမီးနောက်ကိုလိုက်သတ်နေကြတဲ့ လူဆိုးတွေလက်ထဲကနေ Davin ကထပ်ပြီးကယ်တင်ရပြန်ပါတယ် Alice က Davin ကို ကုန်းပေါ်ပြန်ရောက်ရင် သူကဘယ်သူဖြစ်ကြောင်းဘယ်ကလာခဲ့ကြောင်း ပြောပြမယ်လို့ ကတိပေးထားခဲ့ပါတယ် သို့ပေမဲ့ မထင်မှတ်ထားတဲ့အခြေအနေတစ်ခုမှာ Davin က သူနှစ်ကြိမ်တိုင်တိုင်ကယ်တင်ပေးခဲ့တဲ့သူက Hrysos တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသမီး Alice ဖြစ်နေတယ်ဆိုတာကို သိသွားခဲ့ပါတယ် အဲ့ဒီ့နောက်ဘယ်လိုဆက်ဖြစ်ကြလိမ့်မလဲ??? နီးစပ်ဖို့ကံတရားက ပါလာတော့လည်း တစ်နေ့မှာ Davin က Alice မင်းသမီးရဲ့ အနီးကပ်စောင့်ကြပ်ရတဲ့ ကိုယ်ရံတော်ဖြစ်လာရပြန်ပါတယ် အိမ်ရှေ့စံမင်းသမီးတစ်ပါးနဲ့ သူမရဲ့ကိုယ်ရံတော်တို့ကြား အချစ်တို့ဖြစ်တည်လာတဲ့အခါ "တာဝန်"နဲ့ "နှလုံးသား"ကြား သူတို့နှစ်ဦး ဘယ်လိုများရှေ့ဆက်သွားကြမလဲ?? ထပ်ခါတလဲလဲဆုံစည်းစေပြီးနီးစပ်သွားစေခဲ့တဲ့ ကံတရားက သူတို့ရဲ့အနာဂတ်မှာ ပေါင်းစည်းခြင်းဆိုတဲ့ဆုလာဘ်ကိုပေးသနားမလား? ခွဲခွာရခြင်းဆိုတဲ့ ပြစ်ဒါဏ်ကိုပဲချမှတ်ပေးလိမ့်မလား? ပရိတ်သတ်ကြီးလည်းစိတ်ဝင်စားမယ်ထင်ပါတယ် အက်မင်တို့ဘက်က အခက်အခဲများစွာနဲ့ ဒီဇာတ်လမ်းတွဲကိုတင်ဆက်ပေးနိုင်အောင်ကြိုးစားခဲ့ရတာမို့ တစ်ပတ်တစ်ပိုင်းထပ်တော့ပိုပြီး တင်ဆက်သွားဖို့လုံးဝဖြစ်နိုင်မည်မဟုတ်ကြောင်း ကြိုပြီးမေတ္တာရပ်ခံပါရစေ "ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်လို့တော့ ရဲရဲကြီး အာမခံပါတယ်" ကယ်... ပရိတ်သတ်ကြီးလေ "အိမ်ရှေ့စံမင်းသမီး" ထိုင်းအချစ် ဇာတ်လမ်းတွဲကို တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ပါတယ်