Movie Name
Men Are Men
Year
2020
Generes
Comedy, Fantasy, Romance
Code
SKR0378
Type
Series
Size
8.63 GB
Country
Korea
Description
တစ်ကိုယ်တည်း Singleဘဝနဲ့ပဲ နေတော့မယ်လို ကြွေးကြော်ထားတဲ့ ကောင်မလေး ကို ငြင်းလို့မကောင်းလောက်အောင် ဆွဲဆောင်မှုတွေနဲ့ ပြည့်နေတဲ့ ကောင်လေးနှစ်ယောက် က တစ်ပြိုင်တည်း လာကြိုက်တဲ့အခါမှာတော့ လက်ထက်တာနဲ့ တစ်ကိုယ်တည်း Single ဘဝနဲ့နေရတဲ့ ကွာခြားချက်လေးတွေကို ယှဉ်ပြသွားမဲ့ အချစ်ဟာသ ဇာတ်လမ်းပါ။ ဇာတ်ကားရဲ့ ပိုစတာက ငါချစ်တဲ့ငါ့ဘ၀ တစ်လျှောက်လုံးအတွက် တစ်ယောက်ယောက်ကိုလိုက်ရှာနေမဲ့အစား ငါလုပ်ချင်တဲ့အရာတွေနဲ့နေထိုင်ဖို့ဆုံးဖြတ်လိုက်တယ် ဆိုတဲ့ သူနဲ့ ကိုယ့်ကိုယ်ကိုချစ်လျှင် တစ်သက်တာလုံးမှာ ကြည်းနူးဖွယ်ကောင်းတဲ့ နေ့တွေနဲ့ပဲ အစပြုနေမှာပါတဲ့။ ဇာတ်လမ်းက မင်းသမီး Seo Hyeon Joo (Hwang Jung Eum) က အတိတ်တုန်းက ချစ်ခဲ့ရသူကြောင့် အချစ်ကိုစိတ်ကုန်ပြီး Singleဘဝနဲ့ပဲ နေတော့မယ်လို့ ဆုံးဖြတ်ထားသူပါ။Hyeon Jooက Webtoon ဖန်တီးတဲ့နေရာမှာ စီစဉ်ပေးရတဲ့ အရည်အချင်းရှိတဲ့ စီနီယာခေါင်းဆောင်တစ်ယောက်ပါ။ မင်းသား Hwang Ji Woo(Yoon Hyun Min)ကတော့ ဆေးဝါးဖြန့်ချီရေး ကုမ္မဏီက CEOတစ်ယောက်ပါ။ပြည့်ဆုံးတယ် စမတ်ကျတယ်လို့ပြောလို့ ရသလို အေးစက်စက်လည်းနိူင်သလို နွေးထွေးမှုပေးတဲ့ ပုံစံနှစ်မျိုးကို ပိုင်ဆိုင်ထားတဲ့ သူဌေးပါ။ Park Do Gyeom(Seo Ji Hoon)က Webtoon ဖန်တီးတဲ့နေရာမှာ နာမည်ကြီး သူတစ်ယောက်ပါ။Do Gyeom ရဲ့ Webtoonတွေက နွေးထွေးပြီး ချစ်စရာကောင်းလွန်းလို့ ပိုနာမည်ကြီးလာသူပါ။ တစ်ကိုယ်တည်းနေချင်သူကိုမှ ပြိုင်တူကြိုက်မိတဲ့ အကြောင်းကကော ဘာများဖြစ်မလဲ။ တစ်ကိုယ်တည်းနေချင်တာက အတိတ်က RSက ဘယ်လောက်တောင် ဆိုးဝါးတာဖြစ်စေမလဲ။ အေးစက်စက်နိူင်တဲ့ သူဌေးကိုပဲ ရွေးမလား။ လုပ်ငန်းတူ Webtoonနယ်ပယ်က ကောင်လေးကိုပဲရွေးမလား။ Singleဘဝနဲ့ပဲ အရိုးထုတ်ပြီး အလုပ်တွေပဲ ကြိုးစားသွားမလား ဆိုတာကိုတော့ July 6ရက်နေ့မှာ KBS2ကနေ တနင်္လာနေ့နဲ့အင်္ဂါနေ့တိုင်းမှာ ထုတ်လွှင့်သွားမှာပါ။အပိုင်း ၃၂ပိုင်းထိရှိတဲ့ Romance_Comedyကားလေးပါ။ #GoldChannelTrendReview