-
Movie Name
-
Way Back To Love (ကောင်မလေးကို ကိုယ်ပိုင်သည် )
-
Year
-
2020
-
Generes
-
Comedy, Romance
-
Code
-
SC0211
-
Type
-
Series
-
Size
-
5.89 GB
-
Country
-
China
-
Description
-
😑Ro တဲ့ဇာတ်ကားတွေပဲ ဆက်တိုက်ထွက်နေလိုက်🤣✌
🌺ကောင်မလေးကို ကိုယ်ပိုင်သည်🌺
မြန်မာစာတန်းထိုး(Ep1 to 26)စဆုံး
လုကျား ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့စာသင်ခန်းကပ်ရပ်က ရွှီကျားရှိုးဆိုတဲ့ကျောင်းသားကို တစ်ဖက်သတ်ကြိုက်နေခဲ့ပါတယ်။ သူမဟာ သတ္တိမွေးပြီး ရွှီကျားရှိုးကို စာလိုက်ပေးပေမယ့် ခပ်ချေချေရွှီကျားရှိုးဆီကနေ ဘာပြန်စာမှပြန်မရခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူမရဲ့ အထက်တန်းကျောင်းသူဘဝ တစ်ဖက်သတ်အချစ်ခရီးလေးက ဒီလိုပဲအဆုံးသတ်ခဲ့ရတာပေါ့…
နောက်နှစ်အနည်းငယ်ကြာတော့ လုကျားဟာ သူမရဲ့မွေးရပ်မြေ
တုန်းကျိုးမှာ အလုပ်လုပ်ဖို့ ပြန်လာတဲ့အခါ နိုင်ငံခြားကနေပြန်လာပြီး တုန်းကျိုးမှာ ကုမ္ပဏီထောင်ထားတဲ့ ရွှီကျားရှိုးနဲ့ထပ်ဆုံပြန်ပါတယ်။
ဒီလိုနဲ့ လုကျားနဲ့ ရွှီကျားရှိုးတို့ အလုပ်ရှင်နဲ့ဝန်ထမ်းအဖြစ်
နောက်တစ်ကြိမ်ပြန်ဆုံတဲ့အခါ…
သူမရဲ့တစ်ဖက်သတ် crush ဖြစ်ခဲ့တဲ့ ရွှီကျားရှိုးကို
တကယ်ပဲမေ့ပစ်နိုင်ခဲ့ပြီလား?
ရွှီကျားရှိုးကရော အထက်တန်းကျောင်းသားဘဝမှာ လုကျားပေးလိုက်တဲ့စာကိုရလျက်သားနဲ့စာမပြန်တာဟာ လုကျားကို တကယ်ပဲစိတ်မဝင်စားလို့လား?
ဒါမှမဟုတ် ကြားထဲမှာ လူမသိသူမသိဖြစ်ခဲ့တဲ့ အကြောင်းရင်းများရှိနေမလား?
ရွှီကျားရှိုးရဲ့ သူငယ်ချင်းဖြစ်သူ ယဲ့အန်းရန်နဲ့လုကျားတို့ရဲ့ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် သူတို့သုံးယောက်ကြား သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဖြစ်လာမလားဆိုတာကို 'ကောင်မလေးကို ကိုယ်ပိုင်သည်' ဆိုတဲ့ကားလေးမှာ ကြည့်ရှုရမှာပါ~
Put your head on my shoulder ထဲက Second Lead မင်းသားက ကိုကိုသဝန်လေး 'ရွှီကျားရှိုး' အဖြစ် ပါဝင်သရုတ်ဆောင်ထားပြီး 'အရှင့်မူပိုင်သမားတော်' ထဲက မင်းသမီးရှောင်ချီး လေးကတော့ သွက်လက်ပြီးရဲတင်းတဲ့ 'လုကျား' အဖြစ်သရုပ်ဆောင်ထားပါတယ်…
ဆိုတော့ စုစုပေါင်း ၂၆ပိုင်းပါတဲ့ ဒီရိုမန့်-ဟာသကားလေးကို SoulKingdom မှာစောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်