Movie Name
My Stupid Cute Husband
Year
2016
Generes
Comedy, Romance
Code
SC0212
Type
Series
Size
11.9 GB
Country
China
Description
တရုတ်မင်းသားချောလေး ယန်ယန်ရဲ့ လူမသိသူမသိ ဇာတ်ကားကောင်းလေး လူမသိသူမသိဆိုလို့ မကောင်းဘူးမထင်ပါနဲ့ ဇာတ်ကားလေးက ကောင်းပါတယ် Eng sub မထွက်လို့ လူသိပ်မသိခဲ့တာပါ။ စုစုပေါင်း 25 ပိုင်းထွက်ရှိထားပြီး တရက်ချင်းစီ အမြန်ဆုံးတင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းအကျဉ်းလေး ထုံးစံအတိုင်းပြောရမယ်ဆိုရင် ယန်ခမ်(ယန်ယန်) က အပိုင်း ၁ မှာတင် ဘွဲ့ရပြီး မိဘအိမ်အပြန်လမ်းမှာ တစ်ခါတည်း မိန်းမပါ ယူလာလေရဲ့။ သူယူလိုက်တဲ့ ကောင်မလေးကလည်း ဘွဲ့ရကာစလေးပေါ့။ မသိရင် နှစ်ယောက်လုံးက အိမ်ပိုင်လို့ ဂေါ်လီရိုက် အဲ လက်ထပ်ကြသလိုလိုနဲ့ နှစ်ဖက် မိဘများက တန်းကန့်ကွက်ပါလေရော။ ဒီလိုနဲ့ မိဘတွေလက်ခံအောင် “ငါမငယ်တော့ဘူး” ဆိုပြီးသက်သေပြဖို့ ကုမ္ပဏီတွေအလုပ်လျှောက်တာပေါ့။ အလုပ်ရတာနဲ့ ယန်ခမ်တစ်ယောက် အကြွေးဝယ်ကတ်တွေကနေ ပိုက်ဆံကြိုထုတ်ပြီး ဆိုင်တစ်ဆိုင်ပါ မိန်းမ မိဘနဲ့ မတိုင်ပင်ဘဲ ဝယ်ပြီး ဆိုင်ပိုင်ရှင်ကြီးလုပ်လိုက်တာ ဘယ်ပြောကောင်းမလဲ အကြွေးကပိ အလုပ်ကပြုတ်နဲ့ ငါးပါးမှောက်ပါရော။ သူယူလိုက်တဲ့ ဇနီးချောလေး လဲ့ရှောင်ထောင် ကြတော့လည်း ဘယ်ပြောကောင်းမလဲ။ ဇာတ်လမ်းအစတည်းက အဖေ့ပြဿနာရှင်းလိုက် ယောက္ခမက မျက်နှာမြင်ချဉ် အသံကြားခါးပါစေ လို့ ဖြစ်အောင်ကိုနေတာ။ ခေသူတော့ဟုတ်ဘူးနော် ဒီလို မျိုးသူကိုမှ မင်းသားရော ဒုတိယမင်းသားရောက ကြွေတာ ဒုတိယမင်းသားကတော့ အလွယ်ခေါ် ဘောစိပေါ့။ တစ်လောကလုံး လူမထင်ဘဲ အဲ့စပ်စလူးလေး လဲ့ရှောင်ထောင်ကိုမှ အကြင်နာတွေပိုနေတယ်ဆိုပါတော့။ ဇာတ်လမ်းလေးက ရိုးရိုးကြည့်ရင် ရိုးရိုးမြင်မယ် ဆန်းဆန်းကြည့်ရင် ဆန်းဆန်းမြင်မယ့် plot တွေ twist တွေအများကြီးပါပါတယ် IPhone 4S ခေတ်ကကားမို့ မကြည့်ချင်တောင် အချောကြီး မင်းသားတွေနဲ့ ဖြေသိမ့်ပြီး ကြည့်လိုက်လို့ပြေပါတယ် လူငယ်တွေ များများကြည့်သင့်တဲ့ ကားကောင်းလေးပါ။ အိမ်ထောင်ရေး၊ မိသားစုရေး၊ စီးပွါးရေး၊ နောက်ဆုံး ချေးငွေအကြောင်းကအစ SME လုပ်ငန်းထောင်တာအဆုံး ရိုက်ပြထားတော့ ပညာရချင် ကြည့်သင့်တယ်ထင်ပါတယ်