Movie Name
My Strange Friend
Year
2020
Generes
Drama, Sci-Fi
Code
SC0213
Type
Series
Size
7.19 GB
Country
China
Description
ဝမ်ရိပေါ် ရဲ့ ဇာတ်ကားအသစ်ကို မှ ကြည့်ချင်သူတွေအတွက် သဘာဝလွန်စွမ်းအားတွေရနေတဲ့ ကောင်လေးနဲ့ လက်ဝှေ့ထိုးတဲ့နေရာမှ ဆရာတစ်ဆူဖြစ်ချင်တဲ့ ကောင်မလေးတို့ ကြားက သုံးပွင့်ဆိုင် ဇာတ်လမ်းပါ။ ဇာတ်လမ်းက Wei Yi Chen(Wang Yi Bo)ငယ်ငယ်က မတော်တဆမှု တစ်ခုကနေ သဘာဝလွန်စွမ်းအားတွေကို ရရှိခဲ့ပါတယ်။သူ ရရှိခဲ့တဲ့ သဘာဝစွမ်းအင်တွေက သံလိုက်စက်ကွင်းလိုမျိုး အရာဝတ္ထုတွေကို ဆွဲငင်နိူင်တာပါ။ခန္ဓာကိုယ်ကနေ လျှပ်စစ်ဓာတ်ထုတ်ပေးသလို ထူးဆန်းတဲ့ သဘာဝစွမ်းအင်တွေ ရရှိပြီးနောက် သိပ္ပံပညာရှင်တစ်ယောက်ဆီမှာ သူ့ရဲ့ သဘာဝစွမ်းအင််တွေကို ထိန်းချုပ်နိူင်အောင် အသုံချဖို့နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။ ကံဆိုးချင်တော့ ဆရာကွယ်လွန်သွားတော့ Wei Yi Chenရဲ့ စွမ်းအားတွေက ပျောက်ချင်းမလှပျောက်သွားတော့တယ်။သဘာဝင်လွန်စွမ်းအားတွေအစား သူရလိုက်တာက တစ်ခြားသူရဲ့ မျက်နှာကို ထိလိုက်တာနဲ့ သူတို့ဘာတွေနေလဲဆိုတာကို သိနိူင်တာပါ။သဘာဝလွန် စွမ်းအားတွေကို ပြန်ရရှိဖို့ ဆရာဖြစ်သူသိပ္ပံပညာရှင် မှတ်တမ်းတင်ထားတဲ့ စာအုပ်ကို ရှာဖို့ လင်ကျိုး တက္ကသိုလ်ကို Wei Yi Chen တက်ဖို့အကြောင်းဖန်လာခဲ့တယ်။ တက္ကသိုလ်မှာ သူငယ်ချင်းတွေဖြစ်လာကျမဲ့ ကိုယ့်ဘာသာ ကွန်ယက်ဘုရင်လို့ခံယူထားတဲ့ လူမိုက်တွေနဲ့ချည်း ပက်သက်နေတဲ့ Duan Mu Hao(Zhang Yi Jie)က လက်ဝှေ့ပညာမှာ ဆရာတစ်ဆူဖြစ်ချင်တဲ့ Nan Ruo(Molly Wang)ကို တစ်ဖက်သတ်ကြိုက်နေသူပေါ့။ သဘာဝင်လွန်စွမ်းအားတွေကို ပြန်ရ ရှိဖို့ မှတ်တမ်းတင်ထားတဲ့ စာအုပ်ကို ခိုးယူသွားတဲ့ အကြောင်းက ဘာဖြစ်နိူင်မလဲ။ တက္ကသိုလ်က သူငယ်ချင်းသုံးယောက်ဖြစ်လာတဲ့ သူတို့ကကော ဘယ်လို Roဆန်တဲ့သုံးပွင့်ဆိုင် ဇာတ်လမ်းဖြစ်လာမလဲ။ Wei Yi Chengရဲ့ သဘာဝလွန်စွမ်းအားတွေ ပျောက်ဆုံးသွားတာက သူတို့နှစ်ယောက်နဲ့သက်ဆိုင်နေမလား။ မှတ်တမ်းစာအုပ်ကို ခိုးယူသွားသူကကော Wei Yi Cheng ကိုဘယ်နေရာတွေမှာ ထပ်အသုံးချမလဲ ဆိုတာကိုတော့ iQiyiကနေ 19-Augustမှာ ဗုဒ္ဓဟူးနဲ့ကြာသပတေး နေ့တိုင်းမှာ ထုတ်လွှင့်သွားမှာပါ။အပိုင်း ၂၄ ပိုင်းထိရှိမဲ့ Comedy-Sci-Fi ကားပါ။ဘာသာပြန်ကိုတော့ Gold Channel-GC ပေစ့်မှာ တင်ပေးသွားမှာပါ။