-
Movie Name
-
Back Roads (2018)
-
Year
-
2018
-
Generes
-
Crime, Thriller
-
Code
-
03585
-
Type
-
Movie
-
Size
-
749 MB
-
Country
-
Hollywood
-
Description
-
IMDB….. 7.1ဒီတစ်ခါတော့ 2018 Decemberကမှ ပူပူနွေးနွေးထွက်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီ ရုပ်ရှင်ဟာ New York Timesရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်တဲ့ Tawni O’Dellရဲ့ Black Road ကိုရိုက်ထားတဲ့ IMDB 7.1အထိ ရထားတဲ့ Drama,Thriller ဇာတ်ကားကောင်းတစ်ကားပါ။ဝတ္တုကလည်းကောင်း IMDBကလည်းမြင့်မို့ ကြည့်ရတာတန်စေမဲ့ သဲထိတ်ရင်ဖိုကားတစ်ကားဆိုတာတော့မြေကြီးလက်ခတ်မလွဲပါပဲ။Harley Atmeyer ဆိုတဲ့ လူငယ်တစ်ယောက်ဟာနှိပ်စက်တတ်တဲ့သူ့အဖေကို သူ့အမေက သတ်ပြီးထောင်ထဲရောက်သွားတဲ့နောက်မှာ ကောလိပ်ဆက်မတက်ပဲ ထွက်ခဲ့ရပါတယ်။ ဒီ့နောက် ပင်ဆယ်ဗေးနီယားပြည်နယ်ရဲ့ ကျေးလက်တစ်နေရာမှာညီမသုံးယောက်ကို စောင့်ရှောက်ဖို့ ပျိုးထောင်ဖို့ဘာမှ အနာဂတ်မျှော်လင့်ချက်မရှိတဲ့အလုပ်တွေကိုလုပ်နေခဲ့ရပါတယ်။အဲ့ဒီနားမှာပဲနေတဲ့ လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ကိုသူ အရူးအမူးချစ်ခဲ့မိတဲ့အခါမှာတော့ကံကြမ္မာဆိုးတွေဟာ မြင်းနက်ကြီးစီးပြီးဝင်လာသလိုအဖြစ်အပျက်တွေဟာမထင်ထားရဲလောက်အောင်မြန်ဆန်စွာ ပေါ်ပေါက်လာပြီးသူ့မိသားစုရဲ့ သူမသိသေးတဲ့ အမှန်တရားတွေထိတ်လန့်စရာ လျှို့ဝှက်ချက်တွေဟာလည်းတစစ ရုပ်လုံးပေါ်လာပြီး..သူ့ကို ထိတ်လန့်အောင်ဝါးမြိုလာတဲ့အခါ…….။ဒီ Black Roadsမှာ နာကျင်မှု.. စိတ်ဝေဒနာ…မျှော်လင့်ချက်မဲ့မှုအတ္တတွေနဲ့ မွန်းကျပ်လောက်အောင်ရိုက်ပြထားပြီးThriller သမားတွေ လက်လွတ်မခံသင့်တဲ့ ရွှေပါပဲ။