-
Movie Name
-
Bicycle Thieves (1948)
-
Year
-
1948
-
Generes
-
Drama
-
Code
-
03589
-
Type
-
Movie
-
Size
-
391 MB
-
Country
-
Hollywood
-
Description
-
ဒုတိယကမ္ဘာစစ်ပြီးခါစ အီတလီရဲ့စီးပွားရေးက ပျက်ကပ်ထဲဝင်လုလုပါပဲ။ဘဝတူအလုပ်လက်မဲ့တွေကြားမှာကံကောင်းစွာနဲ့ ပိုစတာကပ်တဲ့အလုပ်ကို Ricci ရခဲ့ပါတယ်။ပေါင်ထားတဲ့စက်ဘီးကို အလုပ်အတွက် မဖြစ်မနေရွေးဖို့လိုလာတဲ့အခါဇနီးသည်က မင်္ဂလာဦးလက်ဖွဲ့အိပ်ရာခင်းလေးတွေရောင်းပြီး ပြန်ရွေးပေးရှာတယ်။အလုပ်က လစာအပြင် မိသားစုအသုံးစရိတ်နဲ့အချိန်ပိုကြေးတွေပါပေးဦးမယ်ဆိုတော့ဆင်းရဲသား Ricciတို့မောင်နှံ ထီပေါက်သလိုကိုပျော်ပြီလေ။အလုပ်စဝင်တဲ့နေ့မှာပဲ အလုပ်ရဲ့အသက်သွေးကြောဖြစ်တဲ့စက်ဘီးအခိုးခံလိုက်ရတယ်။” ဘယ်လိုလုပ်မလဲ။ စက်ဘီးမရှိရင် ငါအလုပ်ပြုတ်ပြီ။ဒါဆိုငါ့မိသားစုဘာနဲ့သွားစားမလဲ။ဒီစက်ဘီးက ငါ့မိသားစုရဲ့မျှော်လင့်ချက်ပဲ။မဖြစ်ဘူး စက်ဘီးကိုမရရအောင်ပြန်ရှာမယ်။ “ကံကြမ္မာဆိုတာ နွမ်းပါးသူတွေအပေါ်မှရက်စက်တက်ပါတယ်။တစ်ခြားအဖိုးတန်ရွှေငွေတွေဘာမှမလိုပါဘူး။Ricci တို့မိသားစုရှင်သန်ရေးအတွက်အဲ့ဒီစက်ဘီးလေးပဲလိုတာပါ။သူ့ရဲ့စက်ဘီးလေးကို Ricci ပြန်ရှာတွေ့ပါမလား။၁၉၄၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ အီတလီရုပ်ရှင်ဖြစ်ပြီးကမ္ဘာ့လက်ရွေးစင်ရုပ်ရှင်စာရင်းမှာနှစ်ပေါင်း ၆၅ နှစ်ကျော်ကြာပါဝင်ခဲ့ပါတယ်။အဓိကသရုပ်ဆောင်တွေအဖြစ်သာမန်အရပ်သားတွေကိုသာသုံးထားတဲ့ဒီသဘာဝအဆန်ဆုံးရုပ်ရှင်လေးကိုရူစားအားပေးကြပါဦး။ရုပ်ရှင်ကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။