Movie Name
Blue Valentine (2010)
Year
2010
Generes
Drama, Romance
Code
03592
Type
Movie
Size
964 MB
Country
Hollywood
Description
အချစ်ဆိုတာဟာ လူတိုင်းဖြစ်နေကြုံနေကြရပြီး ဘယ်သူမှညဏ်မမှီနိုင်သေးတဲ့ ကိစ္စရပ်တစ်ခုလို့ ဆိုချင်တယ်။ သေသေချာချာ အဓိပ္ပါယ်တွေ ဘယ်မှာမှ မရှိနေဘူး။ ရူးသွပ်ကြသူတွေအတွက် တစ်သက်တာတည်မြဲသွားတာလည်း ဖြစ်နိုင်သလိုလို တစ်ချို့သော လူတို့အတွက် အင်မတိအင်မတန် ခေတ္တယာယီ ဆန်လွန်းတာလည်း ဖြစ်နိုင်တယ်။ဒီဇာတ်လမ်းလေးကတော့ တစ်ချို့ူ အချစ်တို့ရဲ့ မတည်မြဲမှုတွေအကြောင်းပေါ့။ Romance သိပ်ဆန်တာလဲ ဟုတ်တယ်။ Reality သိပ်ကျတာလဲ ဟုတ်တယ်။ ယူသလိုပဲရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကြားဖူးတဲ့ သီချင်းစာသားလေးထဲကလိုပါပဲ သေချာတာတော့ အချစ်ဆိုတာဟာ အတိတ်နဲ့အနာဂတ်လည်း မရှိသလို ထာဝရတွေ ခေတ္တတွေအတွက်ကို မရည်ရွယ်ပါဘူး။ ပြောင်းလဲမှုတစ်စုံတစ်ရာတွေရှိရင်တောင်မှပဲ လူရဲ့ဖြစ်တည်မှုမှာ အမြင့်မြတ်ဆုံးအရာဟာ ချစ်ခြင်းမေတ္တာဖြစ်နေတုန်းပါပဲ။ ကျွန်တော် မပြောပြခဲ့တဲ့ အကြောင်းတွေကို ဒီရုပ်ရှင်ကားလေးမှာ ကိုယ်နှလုံးသားနဲ့ ကိုယ်ခံစားကြည့်ကြပါ။ ” မင်းကကောင်းကင်…ကိုယ်က မြေကြီးမို့ မင်းသိပါတဲ့…ဘုရားဖြစ်လတ္တံ့သော… အတွေးအခေါ်များလည်း မလိုဘူးလေ… ကိုယ့်ရှိပါတဲ့….ခေါက်ရိုးကျိူးးလေပြီးသော ဒုက္ခဒဏ်ရာများလည်း မငိုဘူးလေ…ဆေးလိပ်မီးခိုးငွေ့တွေနဲ့ မနက်ခင်းရဲ့အယ်ကိုဟော… ဖျောက်ဖျက်မရတဲ့မှတ်ညဏ်တွေက ရှိသေးတယ်ဘေဘီ။ လက်စွပ်ကလေးမရှိတော့တဲ့ လက်သူကြွယ်ပေါ်က နေလောင်မထားတဲ့ အရစ်ကြောင်းလေးရှိဆဲ…။ ”(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)